ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုတွေကြောင့် နေ့စဉ် လူရာနဲ့ချီ သေဆုံးနေကြရတာကို ဝမ်းနည်းစွာဖြင့် မြင်တွေ့နေရပါတယ်။ အနုပညာရှင်လောကမှာလည်း တန်ဖိုးရှိလှတဲ့ ကြယ်ပွင့်တွေ တဖြည်းဖြည်း ဆုံးရှုံးနေကြရပြီ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာလည်း စိတ်မကောင်းစရာသတင်းတွေကို မကြာခဏ မြင်တွေ့နေရတာ စိတ်မချမ်းသာစရာပါပဲ။
မကြာသေးခင် ရက်ပိုင်းလောက်ကလည်း အဆိုတော် ရွှေရည်သိန်းတန်ရဲ့ ခင်ပွန်းဟာ ကိုဗစ်ရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့ရတာ ဖြစ်ပါတယ်။ ဘယ်လိုမှ မထင်မှတ်ထားတဲ့ အခြေအနေကို ကြုံတွေ့ခဲ့ရတဲ့အတွက် ရွှေရည်သိန်းတန်တစ်ယောက် ယူကြုံးမရ ဝမ်းနည်းကြေကွဲနေရတာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ခွဲခွာသွားတာ ရက်ပိုင်းပဲရှိသေးပေမယ့် တစ်နေ့မှ မေ့မရဘဲ အမြဲလွမ်းဆွတ်သတိရနေကြောင်းကိုလည်း မကြာသေးခင် နာရီပိုင်းလောက်က သူမရဲ့ လူမှုကွန်ယက်တွင် အခုလို ရင်ဖွင့် ရေးသားလာခဲ့တာ ဖြစ်ပါတယ်။
" အိပ်စရာလက်မောင်းလေးမရှိတော့လို့မအိပ်ဘဲ မိုးလင်းရတာ၂ညရှိပြီ..ကယ်ပါဦးမောင်ရယ် " ဆိုပြီး ခင်ပွန်းနဲ့အတူ ရိုက်ကူးထားတဲ့ ပုံအဟောင်းလေးနဲ့ အတူ ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ရွှေရည်သိန်းတန်ရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုအတွက် ဝမ်းနည်းစိတ်မကောင်း ဖြစ်နေကြရတာ ဖြစ်ပါတယ်။ အပြီးတိုင်နှုတ်ဆက်ထွက်ခွာသွားသူထက် ကျန်ရစ်ခဲ့သူက ပိုပြီး ခံစားနေရမှာ အသေချာပါပဲ။ ဒီလိုဝမ်းနည်းစရာကောင်းတဲ့အဖြစ်ဆိုးတွေ ဘယ်သူမှ မကြုံတွေ့ ကြပါစေနဲ့လို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Shwe Yee Thein Than’s Facebook Account