လက်ရှိအခြေအနေမှာ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုတွေဟာ အတော်ကို ဆိုးရွားနေပြီး လူတော်တော်များများအောက်ဆီဂျင်ပြတ်လပ်တဲ့ အခြေအနေများနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ဆရာဝန်များကလည်း အတတ်နိုင်ဆုံးထိန်းချုပ်ကာကွယ်နိုင်စေမယ့် နည်းလမ်းများကို ပြည်သူတွေ သိရှိကြစေဖို့ အမြဲလိုလို ရေးသားဝေမျှပေးနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း အဆိုတော် နီနီခင်ဇော်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်ကိုဗစ်ရောဂါကူးစက်ခံရပါက ပြုလုပ်ရမယ့် အရေးကြီးအချက်အလက်များကို ဗဟုသုတရရှိစေဖို့ ဝေမျှပေးလာတာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေဆိုးမှာ ကိုယ်ခံအားကို အားကိုးပြီးရောဂါကို တိုက်ထုတ်ကြဖို့ အကြံပေး တိုက်တွန်းထားတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်း ဆုံးရှုံးသွားတဲ့ အသက်တွေ အများကြီးရှိနေသလို လုံးဝနေပြန်ကောင်းလာတဲ့ မိတ်ဆွေသူငယ်ချင်းတွေ အများကြီး ရှိပါတယ်။ အိမ်တိုင်းနီးပါး COVID positive ဖြစ်လာကြတဲ့အတွက် အားလုံးစိတ်ပူပင်နေကြတာကို မြင်တွေ့နေရတာ စိတ်မကောင်းဖြစ်ရတဲ့အတွက် သူမသိသလောက် ကျန်းမာရေးဗဟုသုတများကိုရေးသားဝေမျှပေးဖို့ စိတ်ကူးရလာတာ ဖြစ်ပါတယ်။ အဓိက oxygen ပြသနာလို့ မြင်နေကြတဲ့ အပေါ် အိမ်မှာဘယ်လိုမျိုး Home Care Treatment ပေးနိုင်မလဲ၊ ဘယ်လိုနေထိုင်သင့်တယ် ဆိုတာတွေကိုလည်း အခုလို ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။
" ပထမဦးစွာအနေအောက်မှာဖော်ပြထားတဲ့နဲ့ Covid Positive ရဲ့ လက္ခဏာတွေတစ်ခုခုသော်လည်းကောင်းအားလုံးလည်းကောင်းတွေ့ခဲ့ရင်
***အရမ်း မစိုးရိမ်ပဲနဲ့ Treatment လေးတွေ စပြီး လုပ်စေချင်ပါတယ်****
(စိုးရိမ်မှုလွန်ကဲခြင်းဟာ Oxygen Level ပိုလို့ကျစေနိုင်ပါတယ်)
Signs and Symptoms
~~~~~~~~~~~~~~~~
Positive ဖြစ်တဲ့သူနဲ့ ထိတွေ့မှုရှိထားပြီး
-စဖျားလာရင်
-ကြွက်သားတွေ ညောင်းညာကိုက်ခဲလာရင်
-ချောင်းဆိုး
-ခေါင်းကိုက်
-မျက်လုံး ရဲ/နာ
-ဝမ်းပျက်ရင်
-အနံ့ပျောက် အရသာပျောက်ရင်
-ခန္ဓာကိုယ်မှာ အနီစက်များပေါ်လာခဲ့ရင်
-ဆီးချိုလုံးဝ ထိန်းမရင်
ဘယ်လိုလူတွေ ပိုပြီး ဂရုစိုက်သင့်သလဲ?
~~~~~~~~~~~~~~~~~~~~~~
-ကလေးသူငယ်များ / သက်ကြီးရွယ်အိုများ
-ခုခံအားကျထားသူများ
-ရောဂါအခံ ရှိထားသူများ(နှလုံး,သွေးတိုး,ဆီးချို, အဆုတ်ရောဂါ,ကင်ဆာရောဂါ စသည်ဖြင့်....)ပိုဂရုစိုက်သင့်ပါတယ်။
အိမ်မှာဘယ်လိုSupportive Care တွေလုပ်ပေးနိုင်လဲ?
~~~~~~~~~~~~~~~~~~~~~~~~
သံသယဖြစ်စရာရောဂါလက္ခဏာတစ်ခုခုတွေ့ခဲ့မယ်ဆိုရင်
Self Quarantine
-၁၄ရက်ပြည့်အောင် သီးခြားခွဲထားရန်
-တစ်ယောက်တည်း သီးသန့် အသုံးအဆောင် အိမ်သာ သုံးရန် ( အတတ်နိုင်ဆုံးပါ, မရှိရင် Mask ၂ထပ်တပ်ပြီးတော့နေပြီး အသုံးပြုနိုင်ပါတယ်။ တံခါးလက်ကိုင်တွေနဲ့ ထိတွေ့ခဲ့တဲ့နေရာတွေအားလုံးကို အရက်ပြန် နဲ့ဖြန်းပေးပါ)
-လေဝင်လေထွက်ကောင်းတဲ့နေရာမှာနေပါ တံခါးတွေ ဖွင့်ထားပေးပါ။
-အာဟာရပြည့်ဝစွာ စားသောက်ပါ(ကြက်ပေါင်း,ငှက်သိုက်, Vitamin C ပြည့်ဝသောအသီးအနှံ)
-ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ပါ
-ဓါတ်ဆားသောက်ပါ
-Oximeter-SPO2,
Blood Pressure Monitor( သွေးပေါင်ချိန်),Temperature တိုင်းရန် တနေ့ ၃ -၄ ကြိမ်တိုင်းပေးပါ
OximeterမှSPO2-Oxygen 90 အောက် ရောက်လာမှသာ Oxygen စပေးဖို့လိုပါမယ်။
(***ဒါကြောင့်မို့ Positive ဖြစ်သူတိုင်း Oxygen လုံးဝလိုအပ်တယ်ဆိုတာ မဟုတ်ပါဘူး****)
လူငယ်တွေနဲ့ကိုယ်ခံအားကောင်းသူတွေမှာ Oxygen မကျဘဲ ပြန်ကောင်းလာနိုင်ပါတယ်။
ဒါကြောင့်မို့ Oxygen အိမ်တိုင်းအလျင်စလိုဝယ်တာဆောင်တာတွေလုပ်ဖို့ မလိုပါဘူး။
ဘာဆေးတွေ ဆောင်ထားသင့်လဲ???
~~~~~~~~~~~~~~~~~~~
ဖျားရင်-Paracetamol တစ်နေ့ ၃ကြိမ်( အစာနှင့်)
(အစာအိမ်ရောဂါ အခံရှိရင် Pantocid or Omez နဲ့တွဲသောက်ပါ)
နှာစေးရင်Dazit or Lorantidine 5 mg ၁လုံး တစ်နေ့ ၂ကြိမ် သောက်နိုင်ပါတယ်။
လည်ပင်းနာလျှင်~
Betadine throat spray အာခေါင်ကိုဖြန်းပါ။
-Mybacin lozanges
-ရေနွေးနဲ့ ဆား အာလုတ်ကျင်းပါ။
ချောင်းဆိုရင်~
bronchest or attusin tablets တနေ့၃ကြိမ်
အဖျားကြီးရင် ရေပတ်တိုက်ရန်(နဖူး,ဂျိုင်းကြား,ပေါင်ခြံကြား) ရေအေးဝတ်နဲ့တိုက်ပါ။
ကိုယ်ခံအားမြှင့်တင်ပေးတဲ့ဆေးဝါးတွေကို တစ်နေ့တလုံးသောက်နိုင်ပါတယ်
~~~~~~~~~~~~~~~~~~~~~~~~
-ImunActiv or immusense ၁နေ့၁ကြိမ်
-Enervon C or vitacee တစ်နေ့တစ်ကြိမ်သို့မဟုတ် VitaminC 500mg
- Vitamin D3 20mg
- Becozinc တစ်နေ့ တစ်လုံး သောက်ပါ။
Positive မဖြစ်သေးတဲ့သူတွေဘယ်လိုကာကွယ်ကြမလဲ
~~~~~~~~~~~~~~~~~~~~~~~~~~~~
-ကိုယ်ခံအားကောင်းအောင်အာဟာပြည့်အောင် စားသောက်ပါ။
-အိပ်ရေးဝအောင် အိပ်စက်ပါ။
- ကျန်းမာရေး ညွှန်ကြားချက်များ အမြဲလေ့လာပါ။
-အပြင်သွားရင် သို့မဟုတ် ရောဂါရှိသူနဲ့အိမ်မှာ တူတူနေရရင်Double Mask အမြဲဝတ်ဆင်ပါ။
-၆ပေအကွာမှ စကားပြောပါ။
-အတတ်နိုင်ဆုံးအိမ်မှာနေပါ။
-လက်ကိုခဏခဏဆေးပါ။
-အရက်ဖြန် Spray , Hand Sanitizer အမြဲသုံးပါ။
-နှာစေးချောင်းဆိုးရင် ပုဝါကာပါ Mask တပ်ထားပါ။
-မိမိကစ ကာကွယ်ဖို့လိုပါမယ်။
-တရားထိုင်ပါ။
-အသက်ရှုလေ့ကျင့်ခန်း တစ်ခုခုလုပ်ရန်(အဆုတ်သန့် အဆုတ်အားကောင်းစေသော)
****အရေးအကြီးဆုံးကတော့ Facebook ပေါ်က စိုးရိမ်စရာ သတင်းတွေကြောင့် စိတ်ဖိစီးမှုတွေ စိုးရိမ်မှုတွေ လျှော့ချစေချင်ပါတယ်******
စိတ်နဲ့ ကိုယ်ခံအားနဲ့ အရင်တိုက်ရမယ့်ရောဂါပါနော်
-ချစ်ခင်ရတဲ့သူတွေ နဲ့ မိတ်ဆွေတွေကို အားပေးစကား အမြဲပြောပေးပါနော်။အားလုံး ရောဂါကပ်ဆိုးတွေ အဆိုးတွေကြားမှာ စိတ်ဓါတ်ခိုင်မာစွာနဲ့ ကျော်ဖြတ်ကြရပါမယ်အားတင်းထားပါ မြန်မာ??? (ပုံစာ _ ဆေးကျောင်းသူဘဝ ၂၀၁၁_၂၀၁၂) " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ နီနီရေးသားထားတဲ့ အချက်အလက်တွေဟာ တကယ်ကို အသုံးဝင်လောက်မယ့် နည်းလမ်းတွေဖြစ်ပြီးရောဂါမဖြစ်ဖို့ ကြိုတင်ကာကွယ်ထားရန်လိုအပ်ပါတယ်။ ပြည်သူများအားလုံး ကျရောက်နေတဲ့ ကပ်ဆိုးကြီးဘေးမှအမြန်ဆုံးကင်းလွတ်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Ni Nin Khin Zaw’s Facebook Page