ကိုယ့်အပေါ် တကယ်တန်ဖိုးထား ချစ်မြတ်နိုးတဲ့သူဆိုတာ ကိုယ့်ရဲ့ အားနည်းချက် ၊ချို့ယွင်းချက်မှန်သမျှ ကို နားလည်သည်းခံပြီး လက်တွဲပေးတဲ့သူမျိုးပါ။ အဲ့ဒီလိုပဲ ထိုင်းနိုင်ငံ မှာလည်း တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုအပြည့်နဲ့ လူအများ စံထား လေးစားအားကြရတဲ့ ဇနီးမောင်နှံလေး ရှိပါတယ်။
ဒီဇနီးမောင်နှံဟာ လူမှုကွန်ယက်ပေါ်မှာ သူတို့ရဲ့ ပုံရိပ်လေးတွေ ပျံ့နှံ့လာရမှ လူအများက သူတို့နှစ်ယောက်ရဲ့ လေးစားအားကျစရာ ဘဝလေးကို သိရှိခဲ့ရတာပဲ ဖြစ်ပါတယ်။ ဇနီးဖြစ်သူ အမျိုးသမီးဟာ ခြေထောက်နှစ်ဖက်မရှိပေမယ့် သူမကို ဂရုတစိုက်ကြင်ကြင်နာနာနဲ့ချစ်ခင်တဲ့ ခင်ပွန်းသည် ကိုပိုင်ဆိုင်ထားရသူပါ။
ဒါ့အပြင် သူမတို့ ဇနီးမောင်နှံမှာ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးအဖြစ် အားလုံးရဲ့ ချီးကျုးလေးစားမှုတွေကို ရရှိထားသူလေးတွေပဲ ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ဇနီးသည်အပေါ် မငြိုငြင်ပဲ ဒီလိုမျိုးတန်ဖိုးထားချစ်ခင်တဲ့ ခင်ပွန်းဖြစ်သူ အမျိုးသားရဲ့ စိတ်ထားကိုတော့ အတုယူသင့်ပါတယ်နော်။ ပရိသတ်တွေထဲ မှာရော ချစ်သူက ဒီလိုကိုယ်အင်္ဂါချို့ယွင်းမှုရှိနေခဲ့ရင် အနားက မထွက်သွားပဲ စွဲစွဲမြဲမြဲချစ်နိုင်တဲ့ သူတွေရှိကြတယ်မလား။
သတင်း အရင်းအမြစ်៖ Elitereader