လူသားတွေရဲ့ ဗိုက်နဲ့ပတ်သက်လို့ သင့်အနေနဲ့လည်း အထူးအဆန်းတော်တော်များများကို ကြားဖူးကြမှာပါ။ ဗိုက်ထဲမှာ ဇွန်းခရင်း အချောင်း ၇၀ကျော်ရှိတာတို့ သံလိုက်အခု ၃၀ရှိတာတို့ စသဖြင့် ထိတ်လန့်စရာကောင်းတဲ့ ဖြစ်ရပ်တွေ ရှိပါတယ်။ ဒါကြောင့် ခုဖော်ပြသွားမှာကတော့ အခြားသူတွေနဲ့မတူပဲ ဘယ်လိုလူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ အပင်ပေါက်နေရတာလဲ ဆိုတာ ဖတ်ရှုကြည့်လိုက်ပါအုန်း။
Ron Sveden
Massachusetts က လူတစ်ယောက်ဟာ တစ်လလောက် အသက်ရှုရခက်နေလို့ ဆေးရုံးကို အသည်းအသန်းသွားပြခဲ့ရပါတယ်။ ဆေးရုံးရောက်တော့ ဆရာ၀န်ဟာ သူရဲ့အဆုတ်ကို ဓာတ်မှန်ရိုက်လိုက်အခါမှာပဲ အစက်အပြောက်လေးတွေ တွေ့ခဲ့ရပါတယ်။ Ron ကလည်း ဆရာ၀န်ဆိက ကင်ဆာရောဂါအကြောင်း ကြားရဖို့အတွက် ပြင်ဆင်နေတုန်းမှာပဲ ဆရာ၀န်က သူရဲ့အခြေအနေဟာ သမိုင်း၀င်လောက်ပြီး သူရဲ့အဆုတ်မှာ ပဲပင်ပေါက်နေတယ်ဆိုတာ ပြောပြခဲ့ပါတယ်။ အဲ့လိုအပင်ပေါက်နေရတဲ့အကြောင်းကတော့ သူစားလိုက်ပဲထဲမှာ တစ်ခုက အစေ့တစ်ခုလိုဖြစ်နေတာကြောင့် ကံဆိုးစွာပဲ အဲ့အစေ့က သူရဲ့အဆုတ်ဆိကို ရောက်ခဲ့ပါတယ်။ အဆုတ်ဆိရောက်တဲ့အခါ အပူနဲ့စိုထိုင်းသော အခြေအတွေကြောင့်ခုလို အပင်ပေါက်ေနခဲ့တာပါ။ ဒါပေမယ့်လည်း ဆရာ၀န်ဟာ အပင်အဆင့်မရောက်ခင် ခွဲစိတ်ပေးနိုင်ခဲ့ပါတယ်။ Svenden အနေနဲ့လည်း ကင်ဆာမဟုတ်ပဲ ခုလိုဖြစ်တာကြောင့် စိတ်သက်သာရာ ရခဲ့ပါတယ်။
Artyom Sidorkin
ရုရှားအမျိုးသား Artyom Sidorkin ဟာ ရင်ဘတ်အောင့်တာနဲ့ ပတ်သတ်ပြီး စတင်ခဲ့ကာ ချောင်းဆိုးရင်လည်း သွေးတွေပါနေခဲ့ပါတယ်။ ဆရာ၀န်လည်း ဓာတ်မှန်ရိုက်ကြည်ရာ ဘာမှထူးထူးခြားခြား မတွေ့ခဲ့ပါဘူး။ ဒါပေမယ့် ဆရာ၀န်ဟာ သူရဲ့အဆုတ်မှာ တစ်ခုခု ကြီးထွားလာတာကြောင့် ကင်ဆာလို့ပဲထင်ခဲ့ပါတယ်။ ဆရာ၀န်လည်း သူ့အဆုတ်တစ်သျှုးတွေကို ခွဲစိတ်ရှာေဖွခဲ့ရာ ထိတ်လန့်စရာမြင်ကွင်းတစ်ခုကို တွေ့ခဲ့ပါတယ်။ အဲ့တာကတော့ ဒီရုရှားလူမျိုးလည်း အပေါ်ကဖော်ပြခဲ့တဲ့ အမေရိကန်လူမျိုးလို အစေ့တစ်ခုကိုစားမိပြီး အပင်ပေါက်နေတာဖြစ်ပါတယ်။ အရွယ်အစားအနေနဲ့ကတော့ ၂လက်မလောက်လေးပဲရှိသေးတာမို့ ကံကောင်းခဲ့ပါတယ်။ Sidorkin လည်းခွဲစိတ်မှုအပြီးမှာတော့ အရင်လို နေပြန်ကောင်းပြီး ကျန်းကျန်းမာမာ ဖြစ်ခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Wonderlist