ကမ္ဘာပေါ်က လူသားတိုင်းမှာ ကိုယ်ပိုင်ထူးခြားချက်တွေ ရှိတက်ကြပါတယ်။ အဲ့လိုသူထဲက တချို့ကတော့ မိမိတို့ရဲ့ ထူးခြားချက်ေကြာင့် လူသိများလာသလို တချို့ကတော့ မိမိတို့ရဲ့ ထူးခြားချက်ကို သေသေချာချာ အသုံးပြုတက်တာကြောင့် လူသိများလာခဲ့ကြပါတယ်။ ခုဖော်ပြတဲ့သူလည်း ဒုတိယအမျိုးအစားထဲမှာ ပါတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။
မှုတ်ဆိတ်မွှေးတစ်ခုထဲနဲ့ ပုံစံအမျိုးမျိုးလုပ်ပြတတ်တဲ့ ဥရောပကလူတစ်ယောက်ဖြစ်ပြီး Mr.Incredibeard လို့လူသိများပါတယ်။ တကယ်ကို အံဩဖို့လည်းကောင်းပြီး ရယ်စရာလည်းကောင်းပါတယ်။ သူရဲ့ မှုတ်ဆိတ်မွှေးဟာ အလွန်ရှည်လျားပြီး အဲ့မှုတ်ဆိတ်မွှေးနဲ့ သူလုပ်ချင်တိုင်းကိုလုပ်ေလ့ရှိပါတယ်။ သူလုပ်လိုက်တဲ့ပုံစံတွေကလည်း ဆန်းလည်းဆန်းသလို ရယ်လည်းရယ်ချင်စရာပါ။ သူ့ပုံတွေကို ပြန်ပြီး Share လုပ်တဲ့လူတွေလည်းမနည်းလှပါဘူး။
တချို့သူတွေအတွက် မှုတ်ဆိတ်မွှေးရှည်တာဟာ စိတ်ညစ်စရာ စိတ်ပျက်စရာကောင်းပေမယ့် သူအနေနဲ့တော့ အများကြီး အသုံးပြုလုပ်ရတယ်ဆိုတာကို ပြသသွားပါတယ်။ သူဟာ အခြားပစ္စည်းတွေကို လိုအပ်ရင်လိုအပ်သလို မှုတ်ဆိတ်ထဲမှာ သိမ်းထားတက်ပါေသးတယ်။ သူရဲ့ မှုတ်ဆိတ်မွှေးတွေနဲ့ ဘာတွေလုပ်ပြထားလည်းဆိုတာ ပရိသတ်ကြီးလည်း ကြည့်ရှလိုက်ပါအုန်း။
သတင်း အရင်းအမြစ်៖ Mr.Incredibeard