အကြောင်းအမျိုးမျိုးကြောင့် မိဘမဲ့ဖြစ်သွားရှာတဲ့ ကလေးငယ်လေးတွေကို ခေါ်ယူမွေးစားပေးလေ့ရှိတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေကတော့ မိဘမဲ့ဂေဟာကို ကိုယ်တိုင်ဦးစီးပြီး ကလေးငယ်လေးတွေကို ပြုစုစောင့်ရှောက်ပေးလျက်ရှိနေပါတယ်။ ဘာသာတရားကိုင်းရှိုင်းပြီး အလှူအတန်းတွေမကြာခဏပြုလုပ်လေ့ရှိတဲ့ သူမကတော့ ခြေတုလိုအပ်နေသူတွေကိုလည်း ခြေတုတွေလှူဒါန်းပေးလေ့ရှိပါတယ်။ ဆန်ဆီ၊ဆားတွေကိုလည်း အခက်အခဲဖြစ်နေသူတွေဆီ တိုက်ရိုက်လှူဒါန်းပေးလေ့ရှိတဲ့ သူမကတော့ ပရိသတ်တွေရဲ့ချီးကျူးလေးစားခြင်းကို ခံနေရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။
အမှန်တကယ်အကူအညီလိုအပ်နေပြီး ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို တတ်နိုင်သလောက်ပေးဝေလှူဒါန်းလေ့ရှိတဲ့ ခိုင်းနှင်းဝေကတော့ ယခုမှာ ကြည်နူးစရာကောင်းတဲ့ အလှူတစ်ခုပြုလုပ်လာခဲ့ပါတယ်။ ခိုင်နှင်းဝေတစ်ယောက်ကတော့ ယနေ့မှာ အဘိုးအဘွားတစ်ယောက်စီလျှင် အလှူငွေ(၁)သောင်းကျပ်နဲ့ အာဟာရမုန့်တွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။ သူမကတော့ ယခုလိုသွားရောက်လှူဒါန်းရင်း အဘွားတွေငိုနေတာကြည့်ပြီး စိတ်မကောင်းဖြစ်နေခဲ့ကာ အသက်ကြီးလာရင် အိုဇာတာကောင်းပါစေလို့ ဆုတောင်းနေခဲ့ပါတယ်။
သူမကတော့ " ဘိုးဘွား တစ်ဦးလျှင် ဆေးဖိုး အလှူငွေ (၁) သောင်းကျပ် နှင့် အာဟာရ မုန့်ဗူးများ လှူဒါန်းပေးခဲ့ပါတယ်ရှင်..အဘွားတွေ ငိုတာကြည့်ပြီး ကိုယ့်အလှည့် ကျရင်လည်း အိုဇာတာကောင်းပါစေလို့ ဆုတောင်းမိပါတယ်..အသက်ရှင်နေစဉ် ကာလမှာ တတ်နိုင်သလောက် အလှူဒါနတွေ ပြုပြီး ကုသိုလ်တွေ ရနိုင်သလောက် ရသလောက် ပြုလုပ်သွားဖို့လည်း စဉ်းစားမိပါတယ်..ခုနှစ်ရက် သားသမီး အလှုရှင်များ အားလုံးကိုလဲ လှုနေစဉ် တစ်လျှောက်လုံး မေတ္တာ ပို့ ဆုတောင်းပေးပါတယ်...သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေရှင့် "ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ အဘိုးအဘွားတွေကို ဆေးဖိုးတွေသွားရောက်လှူဒါန်းနေတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source: khine hnin wai ' s facebook page