Carmen Tarleton လို့ခေါ်တဲ့အမျိုးသမီးတစ်ဦးဟာ လွန်ခဲ့တဲ့ ၁၄ နှစ် ၂၀၀၇ ခုနှစ်လောက်က ex အမျိုးသားဖြစ်သူရဲ့ ရက်ရက်စက်စက် အနိုင်ကျင့် တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။
Ex အမျိုးသားဖြစ်သူ Herb Rodgers ဟာ Carmen ကို baseball ဒုတ်နဲ့လည်း ပြင်းပြင်းထန်ထန်ရိုက်နှက်ခဲ့သလို Lye လို့ခေါ်တဲ့ အရည်တစ်မျိုးနဲ့ပါတိုက်ခိုက်ခဲ့တာကြောင့် မျက်နှာအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများ ပျက်ဆီးသွားခဲ့ရပါတယ်။
ဒီတိုက်ခိုက်ခံရမှုကြောင့်ပဲ Carmen ရဲ့ မျက်လုံးတစ်လုံးက ကွယ်သွားခဲ့ပြီး သူမရဲ့ ပုံပန်းသွင်ပြင်ဟာ တော်တော်လေး အကျည်းတန်သွားခဲ့ရပါတယ်။ သူမရဲ့ပုံစံက ဘယ်လောက်ထိဆိုးရွားသွားခဲ့ရသလဲဆိုရင်တော့ အခုမြင်တွေ့နေရတဲ့ ပုံတွေထဲကအတိုင်းပါပဲ။ ဒါပေမယ့်လည်း Carmen ဟာ သူမရဲ့ဘဝကိုအရှုံးမပေးခဲ့ပါဘူး။မျက်ကန်းရုပ်ဆိုးဘဝကြီးနဲ့ ကြံကြံခံနေထိုင်လာခဲ့ပြီး သူမရဲ့ဘဝကိုပြောင်းလဲဖို့အတွက် အမြဲကြိုးစားနေခဲ့ပါတယ်။
Carmen ဟာ သူမရဲ့မျက်နှာနဲ့ အရေပြားကို ဆရာဝန်တွေနဲ့တိုင်ပင်ပြီး ခွဲစိတ်မှုတွေ ခဏခဏလုပ်ကာ ပြုပြင်ခဲ့သလို အကြိမ် ၇၀ ကျော်လောက်ထိ ပြုပြင်ခဲ့ပါတယ် ။
တိုက်ခိုက်ခံရတာ ဆယ်နှစ်ကျော်လာတဲ့အချိန်မှာတော့ Carmen ဟာ ခွဲစိတ်မှုတွေကြောင့် မျက်နှာအသစ်တစ်ခုကို ရရှိလာခဲ့ပေမယ့် သူမရဲ့ကန်းသွားတဲ့ မျက်လုံးတစ်လုံးကတော့ ပြန်မကောင်းနိုင်တော့ပါဘူး။
အမေမွေးတုန်းက အကောင်းတိုင်းလေးဆိုပေမယ့် ex အမျိုးသားဖြစ်သူရဲ့ အနိုင်ကျင့် နှိပ်စက်မှုကြောင့် အခုလိုဖြစ်သွားတဲ့ Carmen ရဲ့ဘဝလေးကတော့ တကယ့်ကိုကြေကွဲစရာပဲ။
ဘာ့ကြောင့်ပဲဖြစ်ဖြစ် အမျိုးသမီးတစ်ယောက်ကို ဒီလောက်ထိဖြစ်သွားအောင် အနိုင်ကျင့်နှိပ်စက်တာကြီးကတော့ လုံးဝမလုပ်သင့်တဲ့ လုပ်ရပ်တစ်ခုပါပဲ။
သတင်း အရင်းအမြစ်៖ Daily Star