ဖေဖော်ဝါရီလ အာဏာသိမ်းချိန်ကစလို့ နိုင်ငံအခြေအနေဟာ ဆိုးရွာလာသလို ကျန်းမာရေးစနစ်ဟာလည်း ဆိုးရွာလာခဲ့ပါတယ်။ ဒါကြောင့် Covid-19 ပျံနှံမှုဟာ မြင့်တက်လာခဲ့ပြီး ငှက်ဖျားရောဂါဟာလည်း ယခုအချိန်မှာ ဂရုစိုက်သင့်နေပြီဖြစ်ပါတယ်။ ငှက်ဖျားရောဂါဟာ ကမ္ဘာပေါ်မှာ ကြောက်ဖို့ကောင်းတဲ့ရောဂါစာရင်းထဲပါ၀င်ပြီး နှစ်စဉ်ရောဂါကူးစက်မှု သန်း၂၁၀ ရှိပြီး လူပေါင်း ၄၄၀,၀၀၀ လောက်ဟာ သေဆုံးကြရပါတယ်။ ဒါကြောင့် ငှက်ဖျားရောဂါကို ကာကွယ်နိုင်မယ့် ကြိုတင်ကာကွယ်ဆေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
Atovaquone-Proguinil (Maralone)

Atovaquone-Proguinil (Maralone) ကို ခရီးမသွားခင်၂ရက်ကစပြီး တစ်နေ့ တစ်လုံး စသောက်ေပးပါ။ ငှက်ဖျားဒေသတွင် နေထိုင်နေစဥ် တစ်နေ့တစ်လုံးနေ့တိုင်းသောက်ပါ။ ခရီးပြန်ရောက်ပြီး ၇ ရက်အထိတစ်နေ့တစ်လုံး ဆက်သောက်ပါ။ ကိုယ်ဝန်သည် နို့တိုက်မိခင် ကျောက်ကပ်ရောဂါသည်များ အနေနဲ့ သောက်လို့မရပါဘူး။
Doxycycline 100mg

ခရီးမသွားခင်၂ရက်နေ့ကစပြီး တစ်နေ့ တစ်လုံး စသောက်ပေးပါ။ ငှက်ဖျားဒေသတွင် နေထိုင်နေစဉ် တစ်နေ့တစ်လုံး နေ့တိုင်းသောက်ပါ။ ခရီးပြန်ရောက်ပြီး ၄ ပါတ်အထိ တစ်နေ့တစ်လုံး ဆက်သောက်ပါ။ ကိုယ်ဝန်သည် နို့တိုက်မိခင်နှင့် ၈ နှစ်အောက် ကလေးများ သောက်မရပါဘူး။
Arakorda (Tafenoquine) 200mg

ခရီးမသွားခင် ၃ ရက် ကစပြီး တစ်နေ့ ၂လုံး (100 mg) စသောက်ပါ။ ငှက်ဖျားဒေသတွင် နေထိုင်နေစဉ် တစ်ပါတ်၂ လုံးအပါတ်စဉ်တိုင်းသောက်ပါ။ ခရီးပြန်ရောက်ပြီး ၁ပါတ်တွင် နောက်ဆုံး ၂ လုံးသောက်ပါ။ ကိုယ်ဝန်သည်များအနေနဲ့ G6PD ချို့တဲ့သူများ သောက်မရပါဘူး။ ခြင်ကိုက်မခံရအောင် ခြင်လိမ်းဆေးဆောင်ပြီး အင်္ကျီလက်ရှည် ဘောင်းဘီရှည်ဝတ်ကာ ဆေးစိမ်ခြင်ထောင်နှင့်အိပ်ပါ။ ရောဂါလက္ခဏာပြရင် ဆရာ၀န်နဲ့ပြသပေးပါ။
Source Credit- Original Uploader
