​ကျန်းမာရေး မကောင်းတာကြောင့် နေ့ရောညပါ ပြုစုပေးခဲ့ပေမယ့်လည်း ဒီနေ့မှာတော့ ရုတ်တရက် ကွယ်လွန်သွားခဲ့တဲ့ မိုးဟေကိုရဲ့ မိခင်ကြီး

//s9.kh1.co/f6/f63706ed894300c6881023bc8669cdcba1e54d72.jpeg
အနုပညာရှင်များ

 ၂၃-ဇွန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.....

မင်းသမီးချောလေး မိုးဟေကိုကတော့ အနုပညာလောကမှာ နေရာတစ်ခုကို ရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အောင်မြင်တဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ခဲ့သူပဲဖြစ်ပါတယ်။ မိုးက မိဘအတွေ အပေါ်မှာလည်း အရမ်းကို သိတတ် လိမ္မာလွန်းတဲ့ သမီးအလိမ္မာလေး တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေက လေးစား ချစ်ခင်နေရတာပါ ။

Photo Credit : Moe Hay Ko Facebook Page 
Photo Credit : Moe Hay Ko Facebook Page 
Photo Credit : Moe Hay Ko Facebook Page 
Photo Credit : Moe Hay Ko Facebook Page 

ဒါ့အပြင် ကျန်းမာရေး မကောင်းတဲ့ မိခင်ကြီးကိုလည်း အချိန်အတော်ကြာ ဘေးနားမှာ နေပြီး အစွမ်းကုန် စောင့်ရှောက်ကာ ဆေးကုသပေးနေတာလည်းဖြစ်ပါတယ် ။ ဒီနေ့မှာတော့ မိုးရဲ့ မိခင် ရုတ်တရက် ကွယ်လွန်သွားခဲ့တဲ့ သတင်းတွေ လူမှုကွန်ရက် စာမျက်နှာထက်မှာ ပျံ့နှံ့ခဲ့ပါတယ် ။ အနုပညာရှင် အသိုင်းအဝိုင်းကလည်း မိုးရဲ့မေမေနဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်းစာသားတွေ ခုလိုရေးသား ဖော်ပြခဲ့ကြပါတယ် ။  နွေးနွေးချစ်ဖွယ်က သူရဲ့အကောင့်လေးမှာ " မိုးဟေကိုရဲ့အမေအခုပဲ​​ကြွေလွင့်သွားပါပြီအရမ်းစိတ်ထိခိုက်ရပြန်ပြီအန်တီကောင်းရာသုဂတိလားပါစေ " ဆိုပြီး ဝမ်းနည်းကြောင်းရေးသားဖော်ပြထားပါတယ် ။

Photo Credit : Moe Hay Ko Facebook Page 
Photo Credit : Moe Hay Ko Facebook Page 

ထိုနည်းတူ  မေဦးကလည်း မိုးရဲ့ မိခင်ကြီး အတွက် ထပ်တူ စိတ်မကောင်းဖြစ်မိကြောင်းကို " မိုးရေ အန်တီဆုံးသွားတာကြားသိရလို့ မိုးတို့နဲ့အတူ ထပ်တူဝမ်းနည်းရပါတယ် အန်တီကောင်းရာသုဂတိလားဖို့လည်းဆုတောင်းပေးပါတယ် ပြီးတော့ အန်တီမကျန်းမာတဲ့ဟိုးအရင်အချိန်ပေါင်းများစွာကတည်းက အခုချိန်အရမ်းဆိုးရွားလွန်းလှတဲ့အခြေအနေကို ကျော်ဖြတ်လိုက်ရတဲ့အထိ အမေ့နားကတစ်ဖဝါးမှမခွါပဲ သေချာဂရုဆိုက်ပေးရတဲ့မို့လည်း နေကောင်းကျန်းမာပြီးဘုန်းကြီးသက်ရှည်ပါစေလို့ဆုတောင်းပေးပါတယ် " ဆိုပြီးရေးသားဖော်ပြထားရာ ဖတ်ပြီး စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲနော် ။ မိုးရဲ့ မေမေလည်း ကောင်းရာ သုဂတိလားပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Moe Hay Ko Facebook Page 
Photo Credit : Moe Hay Ko Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T