ယခုအချိန်မှာဆိုရင် ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့တဲ့ Covid-19 ရောဂါဟာ မြန်မာနိုင်ငံမှာ မျိုးဆက်သစ်တစ်ခု ဖြစ်ပေါ်လာပါပြီ။ ဒါကြောင့် Covid-19 မျိုးဆက်သစ်နဲ့ပတ်သတ်လို့ သင်အနေနဲ့ သိသင့်သိထိုက်တာတွေကို ဒေါက်တာတင့်ဆွေရဲ့ ဖော်ပြချက်ေတွ အတိုင်း ပြန်လည် ဖော်ပြသွားမှာဖြစ်ပါတယ်။


Covid-19 မျိုးဆက်သစ်ရဲ့ ရောဂါလက္ခဏာတွေကတော့ ဖျားခြင်း၊ ချမ်းခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်း၊ အားနည်းခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ကြွက်သား ကိုယ်လက် ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ကာ ဝမ်းပျက်ခြင်း၊ အနံနဲ့ အရသာပျက်ခြင်း ပျောက်ခြင်း တို့ပဲဖြစ်ပါတယ်။ ကိုဗစ်-၁၉ မျိုးသစ်ကို 614G လို့ခေါ်ပါတယ်။ အဲဒီအသစ်ဟာ နှာခေါင်းနဲ့ လည်ချောင်းနေရာတွေမှာ ဗိုင်းရပ်အရေအတွက် ပိုများတာ တွေ့ရပြီး Higher Viral Loads လို့ ခေါ်ပါတယ်။ ကူးစက်ခံရရင် မျိုးဆက်ဟောင်းထက် ပိုမဆိုးတာ တွေ့ရပေမဲ့ ပိုပြီးကူးစက်လွယ်ပါတယ်။

ဓါတ်ခွဲခန်းစမ်းသပ်မှုတွေအရ လက်ရှိသုံးနေတဲ့ ကာကွယ်ဆေးတွေက အသစ်တွေကိုပါ ကာကွယ်နိုင်မယ်လို့ ယုံကြည်ရပါတယ်။ အသစ်တွေကို အသက်ငယ်သူတွေမှာပါ တွေ့လာရပါပြီ။ ဒါပေမဲ့ အသက်ကြီးသူတွေရော ငယ်သူတွေမှာပါ အဟောင်းရော အသစ်ပါကူးစက်နိုင်ပါတယ်။ လက်ရှိသုံးနေတဲ့ ကာကွယ်နည်းတွေအတိုင်း လိုက်နာပြီး နေထိုင်နိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်းတွေကတော့ ဖြစ်နိုင်သလောက် အိမ်မှာသာနေပါ၊ တခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို စက္ကန့် ၂၀ ကြာဆေးပါ (ဆပ်ပြာနဲ့ ရေသုံးပါ။ Sanitizer လက်ဆေးရည် သုံးပါ)၊ တံတောင်ဆစ်ထဲမှာ ချောင်းဆိုး နှာချေပါ (တသက်လုံး အဲဒီအကျင့် လုပ်ပါ)၊ မျက်စိ နှာခေါင်းပါးစပ်ကို လက်မဆေးပဲ မထိ မကိုင်ပါနဲ့။ နေမကောင်းသူတွေနဲ့ ထိကပ်မှု မလုပ်ပါနဲ့။ အိပ်ပြင်ထွက်ရတိုင်း နှာခေါင်းစည်းသုံးပါ။ လူတဦးနဲ့တဦး ၆ ပေအကွာမှာသာ စိတ်ချရတယ်။ အိမ် ရုံး အလုပ်နေရာတွေမှာရှိတဲ့ မျက်နှာပြင်တွေနဲ့ လက်ကိုင်တတ်တဲ့နေရာတွေကို လိုက်ဇော(Lyzol) ဆေးရည်နဲ့ သန့်ရှင်းပေးနေပါ။ ကပ်ရောဂါဘေးမှ ကင်းဝေးကြပါစေလို့ဆုတောင်ပေးလိုက်ပါတယ်။
Source & Photo Credit-Orginal Uploader
