သူတို့ရဲ့ ဆိုင်တွေကို boycott ကြဖို့ ပြောနေတဲ့လူတစ်ချို့ကို သက်သေအခိုင်အလုံဖြင့် ပြန်လည်ရှင်းပြလိုက်တဲ့ သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံ

//s9.kh1.co/71/710c6f36e0592cf523e7455723dbedf3c60aee2f.jpeg
အနုပညာရှင်များ

 ၁၄-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

သဉ္ဇာနွယ်ဝင်းကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိတော့ဘဲ ခင်ပွန်းဖြစ်သူရဲ့စီးပွားရေးလုပ်ငန်းတွေကို ဝိုင်းကူပေးနေတာ ဖြစ်ပါတယ်။  အခုရက်ပိုင်းအတွင်းမှာတော့ သူမတို့ ဇနီးမောင်နှံရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သတင်းတစ်ချို့ ထွက်နေတာ ဖြစ်ပါတယ်။ ဒါကတော့ သူမတို့ ဖွင့်လှစ်ထားတဲ့ ဟော့ပေါ့နဲ့ အကင်ဆိုင်တွေကို တပ်အသိုင်းအသိုင်းနဲ့ ဆက်နွယ်မှုရှိတာကြောင့် boycott ကြဖို့ လတ်တလော လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားနေကြတာ ဖြစ်ပါတယ်။ 

Photo Crd-Thinzar Nwe Win’s Facebook Account 

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မနေ့ညက သဉ္ဇာနွယ်ဝင်းခင်ပွန်းရဲ့ လူမှုကွန်ယက်တွင် ပြန်လည် ဖြေရှင်းထားတာဖြစ်ပါတယ်။  အခုနာမည်ကြီးနေတဲ့ ဓာတ်ပုံတစ်ပုံကတော့ ၂၀၁၈ ခုနှစ်က သူတို့ရဲ့ သားအကြီးဆုံးရဲ့ မွေးနေ့အခမ်းအနားတုန်းက ပုံဖြစ်ပြီး မဟုတ်ဘဲနဲ့ သတင်းအမှားတွေ အဖွခံနေရတာ ဖြစ်ကြောင်း ရှင်းပြထားပါတယ်။ သူတို့အတွက်ကြောင့်နဲ့ အကုသိုလ်မရစေဖို့ မဟုတ်မှန်တဲ့သတင်းတွေကို ပြန်လည်စဉ်းစား သုံးသပ်ပေးကြဖို့ကိုလည်းအခုလိုရေးသား တောင်းဆိုထားတာ ဖြစ်ပါတယ်။

Photo Crd-Thinzar Nwe Win’s Facebook Account 
Photo Crd-Thinzar Nwe Win’s Facebook Account 
Photo Crd-Thinzar Nwe Win’s Facebook Account 
Photo Crd-Thinzar Nwe Win’s Facebook Account 
Photo Crd-Thinzar Nwe Win’s Facebook Account 
Photo Crd-Thinzar Nwe Win’s Facebook Account 

" ဟိုးရက်က ကျွန်တော် အသိတစ်ယောက် ဖုန်းဆက်လာပြီး အကြံတောင်းတယ် ။ သူလုပ်တဲ့ ဟိုတယ်ရဲ့အပေါ်ထပ်မှာ တပ်ပေးစွဲထားပါတယ် ဘယ်လိုဘယ်လိုလုပ်နေပါတယ်ဆိုပြီး အကောင့်တစ်ခုနဲ့  လုပ်ငန်းပေ့ချ်အောက်မှာရော ဂရုတွေထဲလည်း လျှောက်ရေးရော ။ မဟုတ်ပေမယ့်လည်း အဲ့ဒီသတင်းကြီးက ပွပြီး ဝိုင်းဆဲတာကောင်းကောင်းခံလိုက်ရတော့ သူဘယ်လိုပြန်ရှင်းသင့်လဲ လာမေးတယ် ။ပြောရရင် သူက စီးပွားရေးကို သန့်သန့်လေးလုပ်ပြီး သူ့ကြိုးစားမှုနဲ့သူတက်လာတာမို့ ဒီလိုပလိန်းကြီး ရေးခံထိတာ တော်တော်လေး ဒုက္ခရောက်ရတယ် ။နဂိုကတည်းက လူအေးဆိုတော့ ဘယ်အဖွဲ့အစည်းနဲ့မှ မပေါင်းသင်းမလုပ်ရတဲ့ ဟိုတယ်လိုင်းလေးပဲ သေချာလေးလုပ်နေတဲ့သူ ။ သူ့ဟိုတယ်မှာ ဟိုကဖွသလိုဘာမှမရှိသလို လူအဝင်ပါးလို့ စိတ်ဆင်းရဲနေတဲ့ကြားက ဒီလိုချောက်တွန်းခံရလိုက်ရတော့ ။ မင်းကွာဖြေရှင်းမနေပါနဲ့လို့ ပြောလိုက်ရပေမယ့်လည်း သူ့ကိုလာရန်ရှာတဲ့ facebook လူအုပ်ကြီးကလည်း ကြောက်စရာ အခုတော့ ကိုယ့်အလှည့်ကျမှ ခံစားဖူးမှ သိတော့တယ်။ သားလေး တစ်နှစ်ပြည့်ပွဲရဲ့ ၂၀၁၈ ကပုံတစ်ခုကိုဦးတည်ပြီး မဟုတ်ပဲနဲ့ အဖွခံရတဲ့ အမုန်းတရားနဲ့ ချောက်တွန်းတဲ့ကိစ္စ။ အားလုံး တကယ့်အမှန်တရားတွေ ပိုက်ရင်း အေးချမ်းတဲ့ ဘဝလေးအမြန်ပိုင်ဆိုင်ရပါစေဗျာ ။ မဟုတ်ဘဲနဲ့ အစွပ်စွဲခံရတာကတော့ကိုယ့်ကံအကြောင်းတရားပဲဆိုတော့ ကောင်းမှုကုသိုလ်လေးနဲ့ ပြန်ဖြေလိုက်ပါ့မယ်။ ကျွန်တော်ကြောင့်တော့အကုသိုလ်မရစေဖို့ မဟုတ်တာတွေရေးနေဖွနေတာကိုတော့ တစ်ချက်လောက် ပြန်စဉ်းစားသုံးသပ်စေချင်ပါတယ်။ " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းကလည်း " တစ်ခုခုပြောမယ်ဆိုရင်အရင်ဆုံး မှန်လားမှားလား အသေအချာသိမှ သူတစ်ပါးကိုဝေဖန်ပါ ပြောပါ။" ဆိုပြီး သူမခင်ပွန်းရဲ့ ပို့စ်ကို ပြန်လည်ဝေမျှပြီး ရှင်းပြထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးလည်း အကြောင်းစုံသိရှိစေဖို့ ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Thinzar Nwe Win’s and Steven Hla’s Facebook Account 

Photo Crd-Steven Hla’s Facebook Account 
Photo Crd-Steven Hla’s Facebook Account 
Photo Crd-Thinzar Nwe Win’s Facebook Account 
Photo Crd-Thinzar Nwe Win’s Facebook Account 
Photo Crd-Steven Hla’s Facebook Account 
Photo Crd-Steven Hla’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T