မော်ဒယ်လ်ထားထက်ထက်ကတော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ မားမားမတ်မတ်ရပ်တည်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး နွေဦးတော်လှန်ရေးမှာလည်းတတ်တတ်ကြွကြွနဲ့ပါဝင်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။ ထားထက်ထက်ကတော့ တော်လှန်ရေးနယ်မြေဆီ သွားရောက်ပြီး စစ်သင်တန်းတတ်ရောက်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ ခက်ခဲပင်ပန်းမှုတွေရှိပေမယ့်လည်းလုံးဝအားမလျော့ဘဲ စစ်သင်တန်းတတ်ရောက်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။
မိန်းကလေးဖြစ်ပေမယ့် ဇွဲသတ္တိအပြည့်နဲ့ စစ်သင်တန်းတတ်ရောက်နေတဲ့ သူမကတော့ ပြည်သူတွေများစွာရဲ့ လေးစားချီးကျူးခြင်းကို ခံနေရတဲ့ မော်ဒယ်လ်တစ်ယောက်ပဲဖြစ်ပါတယ် ။ထားထက်ထက်ကတော့ ယခုမှာ သူမတို့ရဲဘော်တွေအတွက် အထောက်အကူပြုပစ္စည်းတွေဝယ်ယူဖို့ ငွေတိုက်ရိုက်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်။ သူမကတော့ တိုက်ပွဲတွေအင်မတန်နီးကပ်လာတဲ့ အချိန်မှာ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ ဘာပစ္စည်းမှ မရှိသေးတဲ့ရဲဘော်တွေအတွက် အလှူခံရခြင်းဖြစ်တဲ့အကြောင်း ရှင်းပြထားခဲ့ပါတယ်။
ထားထက်ထက်ကတော့ သူမတို့တော်လှန်ရေးသမားတွေအနေနဲ့ အမိုးအကာတွေမရှိဘဲနေနိုင်သလို အစားအသောက်ဆင်းရဲတာကိုလည်း ကျော်ဖြတ်နိုင်ပြီး စိတ်ဓာတ်တက်ကြွစေမယ့် အထောက်အကူပစ္စည်းတွေပါဝင်တဲ့အခါ ပိုမိုကောင်းမွန်တဲ့ရလဒ်တွေထွက်ပေါ်လာစေမှာဖြစ်တဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။ အထောက်အကူပြုပစ္စည်းတွေဝယ်ယူရန်အတွက် လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံလိုက်တဲ့ မော်ဒယ်လ်ထားထက်ထက်ရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုကို အောက်မှာကြည့်နိုင်ပါတယ်။
Source :Htar Htet Htet ' s Facebook Page
(ဗီဒီယိုကြည့်ရန်အတွက် အောက်ပါလင့်ကို Copy လုပ်ပြီးလျှင် Facebook ကိုနှိပ်၍ ဖွင့်ပါ)
https://www.facebook.com/100044506506571/videos/2293292350803646/