အခက်အခဲတွေကြုံတွေ့နေရတဲ့ ကရင်ပြည်နယ် စစ်ဘေးရှောင် ပြည်သူတွေကို သွားရောက် လှူဒါန်းဖို့ အလှူခံလာတဲ့ မီးနို

//s9.kh1.co/7c/7c4b170ed5469e8086fed9114f6d1e207214ae63.jpg
အနုပညာရှင်များ

 ၂၂-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိ မြန်မာနိုင်ငံ အခြေအနေကတော့ အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ဒဏ်ရာ ရသူတွေနဲ့ သေဆုံးသူတွေ တစ်နေ့ထက် တစ်နေ့ တိုးတိုး နေပြီး စစ်ဘေးရှောင် ပြည်သူတွေလည်းအများအပြား ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေ ကြောင့်နေရာအနှံ့မှာ ပြည်သူပြည်သား အချင်းအချင်း တက်နိုင်တဲ့ ဘက်ကနေ တတ်နိုင်သလောက် လှူဒါန်းမှုတွေ ပြုလုပ်နေကြတာပဲ ဖြစ်ပါတယ်။

Photo Crd - Mee No' FB Page
Photo Crd - Mee No' FB Page
Photo Crd - Mee No' FB Page
Photo Crd - Mee No' FB Page

ဒီတစ်ခါမှာတော့ တေးသံရှင် မီးနိုဟာ အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် စစ်ဘေးရှောင် နေရတဲ့ ကရင်ပြည်နယ် ကို လှူဒါန်းဖို့ သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ အလှူခံလာတာပဲ ဖြစ်ပါတယ်။ပထမ တစ်ခါ အလှူခံ တုန်းက ရခဲ့တဲ့ အလှူငွေတွေရယ် အခုဒီတစ်ခါ အလှူခံလို့ ရတဲ့ အဝတ်အစားတွေ နဲ့ အလှူငွေတွေကို နှစ်ခုပေါင်းပြီး ဒီလကုန်လောက် သွားလှူဖြစ်မယ် ဆိုတဲ့ အကြောင်းကို

"မီးနိုတို့တွေ ကရင်စစ်ဘေးရှောင် ပြည်သူတွေအတွက် ဒီလကုန်လောက်မှာ သွားရောက်လှူဒါန်းဖို့ရှိတာမို့လို့ အဝတ်အစားနဲ့ အလှူငွေထပ်မံအလှူခံပါစေရှင်...

မီးနို ကရင်စစ်ဘေးရှောင်ပြည်သူတွေအတွက် ပထမအကြိမ် အလှူငွေကောက်ခံခဲ့တာ 3,080,000ကျပ် (သိန်းသုံးဆယ်နှင့် ရှစ်သောင်း) ရရှိခဲ့ပါတယ်..

လက်ရှိက မိုးရာသီရောက်လာတော့မှာဆိုတော့ တောထဲက ယာယီ camp တွေမှာ ပုန်းရှောင်နေရတဲ့ စစ်ဘေးရှောင်မိသားစုတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေဖြစ်တဲ့ မိုးကာ၊ ခြင်ထောင်၊ စောင်၊ မျက်နှာသုတ်ပုဝါ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ အမျိုးသမီးလစဥ်သုံးပစ္စည်း နဲ့ ဆေးဝါးပစ္စည်းတို့ကို လုံလုံလောက်လောက်ထောက်ပံ့လှူဒါန်းပေးဖို့အတွက်က အလှူငွေထပ်မံလိုအပ်နေသေးတာကြောင့် မီးနိုရဲ့ ပရိတ်သတ် မောင်နှမတွေ ပါဝင်လှူဒါန်းပေးကြပါဦးလို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်

ဒါ့ပြင် စစ်ဘေးရှောင်နေရတဲ့ နို့တိုက်မိခင်တွေအပါအဝင် အမျိုးသမီးတွေအတွက် နဲ့ ကလေးငယ်တွေအတွက် အဝတ်အစားတွေလိုအပ်နေတာကြောင့် မီးနိုက အဝတ်အစားလည်း အလှူခံချင်ပါတယ်ရှင်........"

Photo Crd - Mee No' FB Page
Photo Crd - Mee No' FB Page
Photo Crd - Mee No' FB Page
Photo Crd - Mee No' FB Page

"အလှူငွေထည့်ဝင်လိုတဲ့ မီးနိုရဲ့ ပရိသတ်မောင်နှမတွေကတော့

K Pay - 095090994 (Poe Eain Phyu ) နဲ့

AYA Bank Acc- 0114201010016977(Ko Zaw thu aung ) တို့ကို

၂၅.၅.၂၀၂၁ ည ၁၀ နာရီနောက်ဆုံးထားပြီးလှူဒါန်းနိုင်ပါတယ်ရှင်။

အဝတ်အစားများလှူဒါန်းချင်တဲ့ ပရိသတ်မောင်နှမတွေကတော့ ၂၅ ရက်နေ့ ညနေလောက် နောက်ဆုံးထားပြီး မီးနိုဆီကို လာပို့ပေးလို့ရပါတယ်ရှင့်။

အဝတ်အစားတွေလှူဒါန်းတဲ့နေရာမှာ မီးနို အထူးမေတ္တာရပ်ခံချင်တာလေးကတော့ စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းမှာဖြစ်တဲ့အတွက် အဝတ်အစားကို အတတ်နိုင်ဆုံး အဟောင်းအနွမ်းလေးတွေရှောင်ပြီး မီးပူတိုက်တာ ဒါမှမဟုတ် သေသေသပ်သပ်လေးခေါက်ပြီးတော့ ထည့်ပေးပါနော်...

မီးနိုတို့ လှူတဲ့ပစ္စည်းလေးတွေကို ကြည့်ပြီး အားရှိစေချင်တာမို့လို့ပါ...

မီးနိုတို့ရဲ့ စုပေါင်းလှူဒါန်းကြတဲ့အလှူလေးက ကရင်ပြည်နယ်က စစ်ဘေးရှောင်နေရတဲ့ မီးနိုတို့ မောင်နှမသွေးချင်းတွေအတွက် အခက်အခဲတွေကြားမှာ အားဖြစ်စေမယ်လို့ ယုံကြည်ပါတယ် ......." ဆိုပြီး ဖော်ပြလာတာကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးတို့ကလည်း တတ်နိုင်သလောက် လှူဒါန်း လိုက်ကြပါဦးနော်.......။

Photo Crd - Mee No' FB Page
Photo Crd - Mee No' FB Page
Photo Crd - Mee No' FB Page
Photo Crd - Mee No' FB Page

သတင်း အရင်းအမြစ်Mee No' FB Page

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T