မနက်ဖြန်ကျရောက်မယ့် မွေးနေ့အတွက်ကျေးဇူးရှိခဲ့တဲ့ ဆရာသမားအားလုံးကို ကန်တော့ပြီး လက်ဦးဆရာဖြစ်တဲ့ ဦးကျော်သူကို သတိရကြောင်း ပြောလာတဲ့ မမဆောင်း

//s9.kh1.co/52/5231a45a10b0cc65ea3a6c01e825d368ed125c7e.jpg
အနုပညာရှင်များ

 ၂၁-မေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ပရိသတ်ကြီးတို့ရေ........ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲ ရောက်ရှိခဲ့တဲ့ မမဆောင်းကိုတော့ အားလုံး သိကြမယ် ထင်ပါတယ်။ ဗီဒီယို ခေတ်ကတည်းက အနုပညာလောကထဲ ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ သာမက ကြော်ငြာ များစွာကိုပါ ရိုက်ကူးနေတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဆယ်စုနှစ် တစ်စုကြာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ မမဆောင်းဟာ ယခုချိန်မှာလည်း ပရိသတ်တွေ အကြား ရေပန်းစားနေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။

Photo Crd - Saung Eindaray Tun' FB account
Photo Crd - Saung Eindaray Tun' FB account
Photo Crd - Saung Eindaray Tun' FB account
Photo Crd - Saung Eindaray Tun' FB account

မမဆောင်းဟာ ဘုရားတရား လုပ်ကာ ဘာသာတရား ကိုင်းရှိုင်းပြီး အလှူအတမ်းလည်း ရက်ရော သူတစ်ယောက် ဖြစ်ပါတယ်။ လတ်တလောမှာလည်း မကြာခဏဆိုသလို လိုအပ်တဲ့ နေရာတိုင်းမှာ လှူဒါန်းမှုတွေ ပြုလုပ်နေပြီး တစ်ယောက်တည်း ပျော်ပျော်နေတတ်တဲ့ သူဖြစ်ပါတယ်။ ယခုအခါမှာတော့ မနက်ဖြန်ကျရောက်မည့် မွေးနေ့အတွက် အနုပညာခရီး မှာ ကျေးဇူးရှိခဲ့တဲ့ ဆရာတွေအားလုံးကို ကန်တော့ပြီး လက်ဦးဆရာဖြစ်တဲ့ ဆရာဦးကျော်သူကို သတိရကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။

Photo Crd - Saung Eindaray Tun' FB account
Photo Crd - Saung Eindaray Tun' FB account
Photo Crd - Saung Eindaray Tun' FB account
Photo Crd - Saung Eindaray Tun' FB account

သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ

"မနက်ဖြန် မမဆောင်း မွေးနေ့ ရောက်ပြီးနော်

မမဆောင်း အပေါ် ကျေးဇူးရှိခဲ့တဲ့ ဆရာတွေ အားလုံးကို ကန်တော့လိုက်ပါတယ်ရှင့်

အနုပညာခရီးမှာ ဆရာကောင်းသမားကောင်း တွေ နဲ့ တွေ့ခဲရလို့ အခုလို နာမည်ပျက်မရှိပဲ မမဆောင်း ဆိုပြီး ပရိသတ်တွေ ချစ်ခင်အားပေးမှုတွေ ရရှိခဲ့တာပါ ဆရာတွေထဲမှာ လက်ဦးဆရာ ဦးကျော်သူ ကို သတိရမိတယ်

ဆရာကျန်းမာပါစေ ချမ်းသာပါစေနော်

မွေးနေ့ ၅ နှစ် ဆက်တိုက် ဦးကျော်သူ ဦးစီး တဲ့ နာရေးကူညီမှူအသင်း ကို မနှစ်က ၃ သိန်းလှူတာက လွဲရင် ၅ နှစ်ဆက်တိုက် ၅ သိန်းလှူခဲ့ပါတယ်ရှင့်

ဆရာကျော်သူ နဲ့ ဆရာများ ပြည်သူတွေ အားလုံး အန္တရာယ်ကင်းဘေးရှင်းပါစေရှင့်......"ဆိုပြီး ပြောပြလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးတို့ကလည်း မမဆောင်းအတွက် မွေးနေ့ဆုမွန်ကောင်း တောင်းပေးခဲ့ကြဦးနော်......။

Photo Crd - Saung Eindaray Tun' FB account
Photo Crd - Saung Eindaray Tun' FB account
Photo Crd - Saung Eindaray Tun' FB account
Photo Crd - Saung Eindaray Tun' FB account
Photo Crd - Saung Eindaray Tun' FB account
Photo Crd - Saung Eindaray Tun' FB account

သတင်း အရင်းအမြစ်Saung Eindaray Tun' FB account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T