မလုံခြုံတဲ့အ​ခြေအနေတွေမှာ ကလေးတွေကိုအတင်းအကြပ် ကျောင်းမလွှတ်ဖို့ မိဘတွေထံ မေတ္တာရပ်ခံလာတဲ့ မေဦး

//s9.kh1.co/27/272d568be10abb2062df894fbb712350a734b559.jpeg
အနုပညာရှင်များ

 ၁၅-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

..

မိတ်ကပ်ပညာမှာ ထိပ်တန်းကနေ အောင်မြင်မှုတွေရရှိထားသလို စကားပြောပွင့်လင်းတာကြောင့် ပရိသတ်တွေ အားပေးချစ်ခင်ကြတဲ့ မိတ်ကပ်ပညာရှင် မေဦးကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ အင်တိုက်အားတိုက်ပါဝင်နေသူပဲ ဖြစ်ပါတယ်..။

အရေးတော်ပုံအောင်မြင်ဖို့အတွက် တစ်ထောင့်တစ်နေရာကနေ တတ်နိုင်သလောက် အစွမ်းကုန်ပါဝင်နေတဲ့ မေဦးကတော့ ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်း ခံထားရသလို လက်ရှိမှာလည်း Gen Z Burma အဖွဲ့ဝင်အဖြစ် နယ်စပ်တစ်နေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်..။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

မေဦးကတော့ လတ်တလော မလုံခြုံတဲ့အ​ခြေအနေတွေမှာ ကလေးတွေကိုအတင်းအကြပ် ကျောင်းမလွှတ်ဖို့ မိဘတွေထံမေတ္တာရပ်ခံ တိုက်တွန်းပြောပြလာတာလည်း တွေ့ရပါတယ်..။

တချို့မိဘတွေရဲ့ အတင်းအကြပ်တိုက်တွန်းမှုကြောင့် ကျောင်းမသွားချင်လို့စိတ်ညစ်ပြီး သူ့ကို လာတိုင်ပင်တဲ့ ကလေးတွေရှိပြီး ကျောင်းသားတွေအတွက် ကျောင်းမှာ မလုံခြုံမှု မရှိတဲ့ အကြောင်းတွေကို မေဦးက ရှင်းလင်းပြောပြထားတာပါ..။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

"တစ်ချို့ Gen Lee မိဘတွေခလေးတွေကိုအတင်းအကြပ်ကျောင်းတက်ရမယ်ပြောလို့ မေဦးကို messenger ကနေ ကျောင်းမသွားချင်လို့လာတိုင်ပင် တဲ့ကျောင်းသားလေးတွေအများကြီးရှိပါတယ်

အခုတော့ အဲ့ဒီ Gen Lee မိဘတွေကြည့်ကြပါခင်ဗျာ စစ်သူပုန်တွေသောင်းကျန်နေချိန်မှာခဗျားတို့သားသမီးတွေကျောင်းမှာလဲမလုံခြုံဘူးဆိုတာ အမြင်မှန်ရကြပါခင်ဗျာ.." ဆိုပြီး ရေးသားပြောပြထားတာပါ..။

ပြည်သူပရိသတ်တွေကလည်း မေဦးနဲ့ သဘောထားခြင်း တူညီကြတဲ့အကြောင်းတွေကို Comment တွေမှာ မှတ်ချက်ပေး ပြန်လည်ရေးသားပြောပြထားကြတာ တွေ့ရပါတယ်..။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

သတင်း အရင်းအမြစ်May Oo's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T