မင်းသမီးကြီး ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေကို ရပ်နားထားကာ ပရဟိတအလုပ်တွေကိုပဲ တစိုက်မတ်မတ် လုပ်ဆောင်နေသူတစ်ယောက်ပါ။ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့ ကလေးငယ်တွေကို လက်လှမ်းမှီသလောက် ကူညီစောင့်ရှောက်ပေးနေတဲ့ မေမေခိုင်နှင်းဝေဟာ အများက လေးစား အချစ်ပိုနေရတဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။
မိဘမဲ့ ကလေးလေးတွေအတွက်လည်း မိခင်အရင်းသဖွယ် ချစ်ခြင်းမေတ္တာတွေနဲ့ စွမ်းသလောက် စောင့်ရှောက်မှုတွေပေးခဲ့ပါတယ်။ကလေးလေးတွေရဲ့ ပညာရေး ၊ကျန်းမာရေး စတဲ့ ကိစ္စအ၀၀ မှန်သမျှကို ခိုင်နှင်းဝေက တာဝန်ယူပြီး ပြုစုပျိုးထောင်ပေးနေတာ ဖြစ်ပါတယ် ။ဒါကြောင့်လည်း မိခင်မေတ္တာ အပြည့်နဲ့ ဖွင့်လှစ်ထားတဲ့ ဂေဟာလေးက မိခင်ရင်ခွင်မဲ့နေတဲ့ သားသားမီးမီးလေးတွေအတွက်တော့တကယ်ကို တန်ဖိုးမဖြတ်နိုင်တဲ့ နေရာလေးတစ်ခုပါ။
ခိုင်နှင်းဝေကတော့ ကလေးတွေကို သားသမီးအရင်းတွေလို ချစ်ခင်ပြီး အချိန်ရရင်ရသလို ကလေးတွေကို အချိန်ပေးပြီး ကိုယ်တိုင်ပြုစုစောင့်ရှောက်နေခဲ့ပါသေးတယ်။ဒီနေ့မှာလည်း ချစ်ရတဲ့သားတွေသမီးတွေကို ရေခဲမုန့်တွေ ကိုယ်တိုင်ခွံကျွေးရင်း ပျော်ရွှင်စရာ အချိန်လေးတွေကိုဖြတ်သန်းခဲ့ပါတယ်။ ပုံလေးတွေနဲ့အတူ " နေ့လည် မုန့်စားချိန်ကတော့ "ထူး" ရေခဲမုန့် မှ ထုတ်တဲ့ ကလေးစား ရေခဲမုန့် လေးတွေပါရှင်..ကလေးတွေလဲ အရမ်းကြိုက်ကြတယ်..ကျမလဲ ကူစားပေးလိုက်ပါတယ်ရှင်."ဆိုတဲ့စာလေးကိုပါ ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။