ပရိသတ်ကြီးရေ.. ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့အတူ အောင်မြင်မှုတွေအခိုင်အမာရရှိထားကြတဲ့ အနုပညာရှင်တွေထဲမှာ ဇာတ်ကားတွေများစွာရိုက်ကူးထားတဲ့ ဇာတ်ပို့သရုပ်ဆောင်ဖြစ်တဲ့ အေးသီတာကလည်း အပါအဝင်ပါပဲ..။
အေးသီတာကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း ပြည်သူတွေအားလုံးနဲ့အတူ ရပ်တည်ကာ တတ်နိုင်သလောက် လှူဒါန်းမှုတွေပြုလုပ်နေတာလည်း ဖြစ်ပါတယ်..။
အေးသီတာကတော့ လက်ရှိအခြေအနေတွေကြောင့် ခင်မင်ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းတွေအတွက် အိပ်မရနိုင်အောင် စိုးရိမ်ပူပန်နေရပေမယ့်လည်း ဘာမှမလုပ်ပေးနိုင်လို့ ဆုတောင်းပေးနေရတဲ့အကြောင်းတွေကို ပြောပြလာပါတယ်..။
ခင်မင်ရသူတွေ တစ်ယောက်ပြီးတစ်ယောက် အခက်အခဲတွေရင်ဆိုင်ကြုံတွေ့နေရတဲ့အချိန်မှာ စိုးရိမ်ပူပန်ကာ ဘာမှမလုပ်ပေးနိုင်လို့ အန္တရာယ်ကင်းကင်းပြီး ခလုတ်မထိ ဆူးမငြိဘဲပြန်လာနိုင်ဖို့အတွက် အကြိမ်ကြိမ်ဆုတောင်းပေးနေတာတွေကို ပြောပြထားတာပါ..။
"ခင်မင်ရသူတွေ
တယောက်ပြီးတယောက်
စိုးရိမ်ပူပန် စိတ်မကောင်းအိပ်မရဖြစ်ရုံကလွဲ ဘာမှမလုပ်ပေးနိုင်တဲ့ ဘဝ
အန္တရာယ်ကင်းကင်းခလုတ်မထိ ဆူးမငြိဘဲပြန်လာနိုင်ကြပါစေလို့
အကြိမ်ကြိမ် ဆုတောင်းပေးနေပါတယ်????.." ဆိုပြီး ရေးသားးတာ ဖြစ်ပါတယ်..။
အေးသီတာရဲ့ အဲ့ဒီပို့စ်အောက်မှာတော့ ပရိသတ်တွေအားလုံးကလည်း ထပ်တူစိတ်မကောင်းဖြစ်ရတဲ့အကြောင်းတွေနဲ့အတူ အားပေးစကားတွေလည်းပြောကာ ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ Aye Thida's Fb Acc