ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ထိပ်တန်းကနေ ရပ်တည်လျှောက်လှမ်းနေတဲ့ အကယ်ဒမီမင်းသမီးချောအိန္ဒြာကျော်ဇင်ကတော့ လတ်တလောမှာတော့ ပုဒ်မ ၅၀၅နဲ့ အရေးယူထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်..။
အိန္ဒြာကျော်ဇင်ကတော့ ခင်ပွန်းဖြစ်သူပြေတီဦးနဲ့အတူ လူထုလှုပ်ရှားမှုတွေတက်တက်ကြွကြွပြုလုပ်တာကြောင့် ထိန်းသိမ်းအရေးယူခံထားရတာဖြစ်ပြီး အနုပညာရှင်တွေနဲ့ ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြတာလည်း ဖြစ်ပါတယ်..။
နှိုင်းယှဉ်မြင့်မိုရ်ကတော့ ဒီကနေ့မှာမွေးနေ့ကျရောက်လာတဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံအမြန်ဆုံးပြန်လည်လွတ်မြောက်ပြီး မိသားစုတွေနဲ့ဆုံဆည်းနိုင်စေဖို့အတွက် သတိတရနဲ့မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်..။
အစ်မတစ်ယောက်လိုချစ်ခင်လေးစားရတဲ့ အိန္ဒြာကျော်ဇင်အတွက် သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ သတိတရ မွေးနေ့ဆုတောင်းပေးလိုက်တာပဲ ဖြစ်ပါတယ်..။
"အရမ်းလေးစား အရမ်းချစ်ရတဲ့ ငါတို့ရဲ့ ထာဝရ
မင်းသမီး မအူဝဲ ❤️❤️
Happy Birthday ပါအစ်မ...
ခု မွေးနေ့မှစ အချုပ်အနှောင်တွေမှ အမြန်ဆုံးလွတ်မြောက်ပီး မိသားစုနဲ့အတူ ပျော်ရွှင်စွာ ပြန်ဆုံဆည်းပါစေ.." ဆိုပြီး ဆုတောင်းပေးထားတာပါ..။
အိန္ဒြာကျော်ဇင်အတွက် ပြည်သူပရိသတ်တွေအားလုံးကလည်း စိတ်မကောင်းဖြစ်နေကြပြီး မွေးနေ့ဆုတောင်းစကားတွေလည်း အသီးသီးပြောထားကြတာလည်း တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ Nhying Shin's Fb Acc