သရုပ်ဆောင် လင်းအောင်ခေတ်က ဒီကနေ့မှာတော့ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ စုပေါင်းကာ အစားအသောက်ခက်ခဲနေကြသူတွေထံ သွားရောက်အလှူပြုခဲ့ပါတယ်။
ဖေဖော်ဝါရီလ အစကတည်းက ပြောင်းလဲခဲ့တဲ့ အခြေအနေတွေကြောင့် ဆက်လက်ရပ်တည်ဖို့အခက်အခဲရှိနေတဲ့ ပြည်သူအချို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ပေးကမ်းလှူဒါန်းခဲ့တာပါ။
လင်းအောင်ခေတ်က မွန်မြတ်တဲ့ စိတ်ထားနဲ့ စေတနာ သဒ္ဓါတရားထက်သန်စွာ အလှူပြုနေခဲ့တဲ့ သူရဲ့ ပုံရိပ်တွေကို Facebook Account ထက်မှာ တင်ပေးလာခဲ့ပါတယ်။ အဆိုပါ ပုံရိပ်တွေအပြင် လင်းအောင်ခေတ်က " ပြည်သူ အချင်းချင်းကူညီ ပြည်သူအချင်းချင်းကာကွယ်စောင့်ရှောက်တဲ့ အချိန် ပါဝင်အားဖြည့်လှူဒါန်းပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို သာဓုပါ ခဗျ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားမျှဝေထားပါသေးတယ်။
အခုလို လိုအပ်နေတဲ့ နေရာတွေကို သွားရောက်ကာ အလှူပြုလေ့ရှိတဲ့အပြင် ပြည်သူတွေရဲ့ ရင်ထဲကဆန္ဒအမှန်ကို ဖော်ထုတ်တဲ့ လူထုလှုပ်ရှားမှုကြီးမှာလည်း တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် လင်းအောင်ခေတ်ရဲ့ ပုံတွေနဲ့ စာသားတွေကို ပရိသတ်တွေထံ ကူးယူဖော်ပြပေးလိုက်ပါတယ်။ အရေးတော်ပုံ အမြန်ဆုံးအောင်မြင်စေဖို့အတွက်လည်း Myanmarloadမိသားစုမှ ပြည်သူတွေနဲ့ထပ်တူ ဆုတောင်းပေးလိုက်ပါတယ် ။
သတင်း အရင်းအမြစ်៖ Source & Photo Credit - Lin Aung Khit's Facebook Account