ပရိသတ်ကြီးရေ.. သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေရိုက်ကူးထားတဲ့အပြင် သီချင်းလေးတွေလည်းသီဆိုပြီး အဆိုတော်အဖြစ်ပါ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်ဖူးခိုင်ကိုတော့ ပရိသတ်တွေ အမှတ်ရနေကြဦးမှာပါ..။
အနုပညာအလုပ်တွေနည်းပါးသွားပေမယ့် ပရိသတ်တွေရင်ထဲနေရာယူထားဆဲဖြစ်တဲ့ ပြည့်ဖူးခိုင်ကတော့ လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူရပ်တည်ကာ လှုပ်ရှားမှုတွေမှာ ပါဝင်နေတာလည်း တွေ့ရပါတယ်..။
ပြည့်ဖူးခိုင်ကတော့ ပြည်သူ့သူရဲကောင်းတွေနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်အားဖြည့်သလို လှူဒါန်းမှုတွေလည်း ပြုလုပ်နေတာဖြစ်ပြီး ဒီကနေ့လေးမှာတော့ တစ်နိုင်တစ်ပိုင်အလှူလေး ပြုလုပ်ခဲ့ပြန်ပါတယ်..။
စေတနာတွေအပြည့်နဲ့ သူမကိုယ်တိုင် ကိုရီးယားထမင်းလိပ်တွေပြင်ဆင်ချက်ပြုတ်ပြီး ပြည်သူတွေအတွက် အာဟာရဒါနအဖြစ် လှူဒါန်းမှုတွေပြုလုပ်နေတဲ့ ပြည့်ဖူးခိုင်ရဲ့ အလှူလေးကတော့ တကယ်ကို သဘောကျစရာလေးပါပဲ..။
"တနိုင်အလှူလေးပါ.." ဆိုပြီး ကိုယ်တိုင်ပြင်ဆင်ထားတဲ့ ထမင်းလိပ်အလှူလေးတွေကို ပြည့်ဖူးခိုင်က သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပြီး ပရိသတ်တွေကလည်း သာဓုခေါ်ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။
ပြည်သူတွေအတွက် လိုအပ်တဲ့နေရာတွေမှာ လိုအပ်သလိုလှူဒါန်းမှုတွေပြုလုပ်နေတဲ့ အခြားသောအလှူရှင်တွေနဲ့အတူ အဆိုတော်သရုပ်ဆောင် ပြည့်ဖူးခိုင်ရဲ့ အလှူကိုလည်း အားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်..။
သတင်း အရင်းအမြစ်៖ Pyae Phoo Khing's Fb Acc