မော်ဒယ်လ် စူးရှထက်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာ သွေးအေးမသွားပဲ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်ကူညီနေတဲ့ သူတစ်ယောက်ပါ။ နိုင်ငံရေးအပြောင်းအလဲဟာဆိုရင် ယနေ့အပါအဝင် ရက်ပေါင်း ၄၇တိုင်ရှိခဲ့ပြီဖြစ်ပြီး စူးရှထက်ကတော့ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတာဖြစ်ပါတယ်။ သူမကိုယ်တိုင်လဲ လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်ခဲ့သလို လိုအပ်တဲ့နေရာတွေမှာလည်း သွားရောက်လှူဒါန်းတာကို တွေ့ရပါတယ်။
အလှူအတန်းတွေဆို လက်မနှေးတတ်တဲ့ စူးရှထက်က လူထုလှုပ်ရှားမှုမှာ အသက်ပေးကာ သေဆုံးခဲ့ရတဲ့ ပြည်သူ့ သူရဲကောင်းတွေရဲ့ မိသားစုတွေထံလည်း အလှူငွေပေးအပ်ခဲ့တာပါ။ ဒါ့အပြင်လည်း သူမရဲ့ နေအိမ်မှာ စားသောက်ဖွယ်ရာတွေနဲ့ နေ့စဥ်ဆက်တိုက်ဆိုသလို ကျွေးမွေးတာလည်း ဖြစ်ပါတယ်။ သူမရဲ့ ချွေးနည်းစာထဲကနေ အလှူပြုနေခဲ့တဲ့ စူးရှထက်က မတ်လ ၂၁ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့အတွက် ကြိုတင်ပြင်ဆင်မှုတွေရှိနေပါတယ်။
ဒါကတော့ သူမရဲ့ မွေးနေ့မှာ အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေကို အလှူပြုချင်တာကြောင့် လက်ဆောင်ရရှိထားတဲ့ ၉သိန်းဝန်းကျင်တန် ပုလဲဆွဲကြိုးလေးကို လေလံတင်ရောင်းချနေခဲ့တာပါ။ စူးရှထက်က သူမရဲ့ Facebook Account ထက်မှာ " အခုလာမဲ့ ၂၁ရက်နေ့ စူးမွေးနေ့ကို အခုကာလမှာအမှန်တကယ်လိုအပ်တဲ့နေရာလေးတွေကို ရောင်းရတဲ့ငွေလေးနဲ့ခွဲလှူပေးမယ် " ဆိုပြီး Postတင်ကာ ပုလဲဆွဲကြိုးကို လေလံတင်ရောင်းချနေတာဖြစ်လို့ ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - Zar Chi's Facebook Account