ပြည်သူတွေနဲ့အတူ နိုင်သလောက်ဝန်ကိုမျှထမ်းပေးနေကြတဲ့ ဘယ်သူ့ကိုမဆို နွေးထွေးစွာကြိုဆိုပေးကြဖို့ တိုက်တွန်းလာတဲ့ ပိုင်ဖြိုးသု

//s9.kh1.co/a9/a9fa6dc3be825782c19640c8d3078e4833f44781.jpeg
အနုပညာရှင်များ

 ၁၅-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ပြည်သူတွေနဲ့အတူ နိုင်သလောက်ဝန်ကိုမျှထမ်းပေးနေကြတဲ့ ဘယ်သူ့ကိုမဆို နွေးထွေးစွာကြိုဆိုပေးကြဖို့ တိုက်တွန်းလာတဲ့ ပိုင်ဖြိုးသု

အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်တဲ့ ပိုင်ဖြိုးသုကတော့ ချစ်ခင်ပွန်းဏကြီးနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေကြတာဖြစ်ပါတယ်။သူမတို့ဇနီးမောင်နှံကလည်း ပြည်သူတွေထဲက ပြည်သူတွေဖြစ်တာကြောင့် အမှန်တရားအတွက် ရဲရင့်ပြတ်သားစွာ ရင်ဆိုင်နေကြတာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာဆိုရင် အနုပညာရှင်အသိုင်းအဝိုင်းကလည်း မိမိရဲ့လုံခြုံရေးကို အဓိကမထားဘဲ ပြည်သူတွေဘက်ကနေ တစ်တပ်တစ်အား ပါဝင်အားဖြည့်နေကြတာဖြစ်ပါတယ်။ပိုင်ဖြိုးသုတို့ဇနီးမောင်နှံကတော့ လတ်တလောမှာဆိုရင် သူမတို့ဘေးကင်းဖို့အတွက်အထူးဂရုစိုက်နေရတာဖြစ်ပါတယ်။

Photo Credit:Paing Phyo Thu’s Facebook page 
Photo Credit:Paing Phyo Thu’s Facebook page 
Photo Credit:Paing Phyo Thu’s Facebook page 
Photo Credit:Paing Phyo Thu’s Facebook page 

ပိုင်ဖြိုးသုတို့ဇနီးမောင်နှံက လမ်းမပေါ်ထွက်ပြီးတော့လည်း ကိုယ်တိုင်ပါဝင်လှုပ်ရှားကြသလို အကူအညီလိုအပ်သူတွေအတွက်လည်း ငွေအားဒါနနဲ့ ကူညီပေးကြတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ အနုပညာရှင်တွေကပါ ပြည်သူတွေနဲ့ တစ်သားတည်းနေထိုင်ပြီး အများအကျိုးအတွက် သယ်ပိုးဆောင်ရွက်နေကြတာဖြစ်ပါတယ်။ပြည်သူတွေကတော့ ရက်တွေကြာလာတဲ့အချိန်မှာတောင် စိတ်ဓာတ်မကျကြဘဲ ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသလောက်ကို ထောင့်စေ့အောင်ပြင်ဆင်ပြီး ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

Photo Credit:Paing Phyo Thu’s Facebook page 
Photo Credit:Paing Phyo Thu’s Facebook page 
Photo Credit:Paing Phyo Thu’s Facebook page 
Photo Credit:Paing Phyo Thu’s Facebook page 

အခုဆိုရင်လည်း ပိုင်ဖြိုးသုက ပြည်သူတွေဘက်ကနေ နိုင်သလောက်ဝန်ကိုမျှထမ်းပေးနေကြတဲ့ ဘယ်သူ့ကိုမဆိုနွေးနွေးထွေးထွေးနဲ့ ကြိုဆိုပေးကြဖို့အတွက် တိုက်တွန်းလာတာဖြစ်ပါတယ်။ဒါ့အပြင်လည်း သူမက “အခုချိန်မှာအကုန်လုံးက တစ်လှေတည်းစီးပြီး တစ်ခရီးတည်းသွားနေကြတဲ့ ဘဝတူတွေဖြစ်လို့ တစ်ယောက်ကမှားနေရင် တစ်ယောက်က အသာအယာထောက်ပြပါ(အပြစ်မတင်ဘဲ ရှင်းပြပါ)”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ပြည်သူတွေကလည်း စည်းစည်းလုံးလုံးနဲ့ ခရီးအဆုံးထိ ဆက်လက်လျှောက်လှမ်းနေကြဆဲပဲဖြစ်ပါတယ်။

Photo Credit:Paing Phyo Thu’s Facebook page 
Photo Credit:Paing Phyo Thu’s Facebook page 
Photo Credit:Paing Phyo Thu’s Facebook page 
Photo Credit:Paing Phyo Thu’s Facebook page 
Photo Credit:Paing Phyo Thu’s Facebook page 
Photo Credit:Paing Phyo Thu’s Facebook page 

Source&Photo Credit:Paing Phyo Thu’s Facebook page 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T