8.3.2021က ဖျာပုံမှာ ခြေထောက်သေနတ်ထိမှန်တဲ့ လူနာအတွက် စေတနာရှင်တွေနဲ့ စုပေါင်းပြီး ဆေးကုသစရိတ်အား သွားရောက်လှူဒါန်းခဲ့တဲ့ ဘေဘီမောင်

//s9.kh1.co/87/877dec787ad070de9c141fca77697602b94e356e.jpg
အနုပညာရှင်များ

 ၁၀-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ.......သရုပ်ဆောင် ဘေဘီမောင်ကတော့ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ ရပ်တည်အောင်မြင်နေတဲ့ မင်းသမီးတစ်လက် ပဲဖြစ်ပါတယ်။လတ်တလောမှာတော့ နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွင် ဘေဘီမောင်က လူထုလှုပ်ရှားမှုတွေကို ပြည်သူတွေနဲ့အတူ တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်နေတာ ဖြစ်ပြီး မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းအောင်လည်း မြတ်စွာဘုရားထံတွင် မေတ္တာပို့ ဆုတောင်းမှုတွေကို ပြုလုပ်နေတာ ဖြစ်ပါတယ်။

Photo Credit - Baby Maung FB Page
Photo Credit - Baby Maung FB Page
Photo Credit - Baby Maung FB Page
Photo Credit - Baby Maung FB Page

အခုလိုအချိန်တွင် အနုပညာရှင်များကလည်း ပြည်သူတွေထဲက ပြည်သူတွေပဲမို့ သူတို့တတ်နိုင်တဲ့ဘက်ကနေ လူထုလှုပ်ရှားမှုတွင် အားကြိုးမာန်တတ် ပါဝင်သလို ပြည်သူလူထုအတွက် အလှူအတန်းတွေကို ပြုလုပ်နေကြတာလည်း တွေ့ရပါတယ်။ဒါ့အပြင် မမျှော်လင့်ကျဆုံးသွားတဲ့ သူရဲကောင်းတွေနဲ့ ဒဏ်ရာရနေတဲ့ ပြည်သူတွေ အတွက်ကိုလည်း လိုက်လံလှူဒါန်းနေတဲ့ သူတွေထဲမှာဆိုရင် ဘေဘီမောင်တို့ ဇနီးမောင်နှံကလည်း အပါအဝင် ပဲဖြစ်ပါတယ်။

Photo Credit - Baby Maung FB Page
Photo Credit - Baby Maung FB Page
Photo Credit - Baby Maung FB Page
Photo Credit - Baby Maung FB Page

မကြာသေးခင် အချိန်ကဆိုရင်လည်း ဘေဘီမောင်တို့ ဇနီးမောင်နှံက "8.3.2021ဖျာပုံမှာ ခြေထောက်သေနတ်ထိပြီးဆေးရုံတင်ထားတဲ့အမအတွက် ဘေဘီနဲ့သားဂန်း ၇၀၀၀၀ စေတနာရှင်များမှ ၂၈၀၀၀၀ စုစုပေါင်းအလှူငွေ ၃၅၀၀၀၀တိတိ ဆေးဖိုးစရိတ်သွားရောက်ထောက်ပံ့ခဲ့ပါတယ်ရှင့်??စေတနာရှင်များကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင့်??နောက်တစ်ကြိမ်ထပ်ခွဲစိတ်ရအုံးမှာပါရှင့်???ဆေးရုံစတက်တဲ့နေ့ကနေ့ ဒီနေ့နဲ့ဆို ခွဲစိတ်တာ ၂ကြိမ်ရှိပါပြီ?ဖျာပုံက နေရန်ကုန်မှာဆေးရုံလာတက်ကတာပါ?ငွေကြေးအခက်ခဲရှိနေပါတယ်ရှင့်? ဒဏ်ရာရထားတဲ့အမကိုလည်အမြဲဆုံးသက်သာအောင်ဆုတောင်းပေးကြပါအုံးရှင့်??????"ဆိုတဲ့ စာသားနဲ့အတူ လှူဒါန်းနေတဲ့ ပုံရိပ်တွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ကဲ.....ချစ်ပရိသတ်တွေလည်း သာဓုခေါ်ရင်း ဒဏ်ရာရတဲ့ အမကို သက်သာအောင် ဆုတောင်းပေးလိုက်ကြရအောင်.....?????

Photo Credit - Baby Maung FB Page
Photo Credit - Baby Maung FB Page
Photo Credit - Baby Maung FB Page
Photo Credit - Baby Maung FB Page

သတင်း အရင်းအမြစ်Baby Maung FB page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T