သရုပ်ဆောင် မင်းသမီး ခင်ဝင့်ဝါကတော့ လူထုလှုပ်ရှားမှုတွေမှာလည်း တက်ကြွစွာ ပူးပေါင်းပါဝင်နေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ လမ်းပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ သူမရဲ့ ရင်တွင်းဆန္ဒအမှန်တရားတွေအား ထုတ်ဖော်ပြသနေပြီး အလှူတွေလည်း တောက်လျှောက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း လူထုလှုပ်ရှားမှုကာလအတွင်း မမျှော်လင့်ဘဲ ကွယ်လွန်သွားခဲ့ကြတဲ့ သူရဲကောင်းတွေအတွက်လည်း သူမရဲ့ သူငယ်ချင်းတွေနဲ့အတူ စုပေါင်းလှူဒါန်းမှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။
လက်ရှိရန်ကုန်မြို့တွင် ကွယ်လွန်သွားတဲ့ သူရဲကောင်း (၈) ဦးနှင့် ကျည်ထိလူနာ (၃၄) ဦးတို့အတွက် အလှူငွေတွေ လှူဒါန်းထားပြီး ကျန်ရှိနေသေးတဲ့ နယ်အသီးသီးမှ ကျဆုံးသွားတဲ့ သူရဲကောင်းတွေကိုလည်း လှူဖို့အတွက် ဆက်သွယ်စုံစမ်းနေတာပဲ ဖြစ်ပါတယ်။ ခင်ဝင့်ဝါရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း " ကျွန်မ တို့ သူငယ်ချင်းမိတ်ဆွေများ ၊ စေတနာရှင်ပြည်သူများ နှင့် ပရိသတ်များ ရဲ့ စုပေါင်း လှူဒါန်းငွေများ
မတ်လ ၃ ရက်နေ့ မှ ယနေ့ ထိ စုစုပေါင်း သိန်း ၂၆,၈၂၂,၀၀၀ ကျပ် ရရှိပြီး ဖြစ်ပါတယ်။
ထို လှူဒါန်း ငွေ များထဲ မှ သိန်း ၁၈,၇၀၀,၀၀၀ ကျပ် ကို
ကျဆုံးသွားတဲ့ အာဇာနည် စုစု ပေါင်း ၈ ဦး
ကျည်ထိလူနာ စုစုပေါင်း (၃၄ ) ဦး အတွက်
ဆက်သွယ်ကူညီ ပေးအပ်ခဲ့ပါသည် ။
နောက်ရက်တွေမှာလည်း ရန်ကုန် နဲ့ နယ်အသီးသီးရှိ မလှူရသေးသောသူများထံ ဆက်သွယ်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
သွားရေး လာရေး အခက်အခဲ နဲ့ ဆက်သွယ်ရေးအခက်အခဲများကြောင့် အနည်းငယ်ကြန့်ကြာနေရခြင်းကိုလည်းနားလည်ခွင့်လွှတ်ပေးပါရှင်။
တတ်အားသရွေ့ ပါဝင်လှူဒါန်းလိုသူများလည်း ဆက်သွယ်နိုင်ပါတယ်။
ပါဝင်လှူဒါန်းကြသူ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ ??
#supportheros
#RejectMilitaryCoup " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Khin Wint Wah’s Facebook Page