အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ရပ်တည်နေတဲ့ ပိုင်တံခွန်ကတော့ ပြည်သူတွေနဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ပိုင်တံခွန်က လက်ရှိအခြေအနေတွေမှာဆိုရင် ပြည်သူတွေရဲ့ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပေးပြီး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေတာဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့ အားကြိုးမာန်တက်လှုပ်ရှားမှုတွေကြောင့် ပြည်သူလူထုကလည်း လေးစားနေကြတာဖြစ်ပါတယ်။ပိုင်တံခွန်က လူထုချီတက်ရာနေရာအနှံ့ကို သွားရောက်ပြီး နောက်မှာမနေဘဲ ရှေ့ဆုံးကနေ အမှန်တရားအတွက် ရင်ဆိုင်နေတာဖြစ်ပါတယ်။
ပိုင်တံခွန်က အခုလတ်တလောမှာဆိုရင်တော့ သူ့ရဲ့လုံခြုံရေးအတွက် ခဏရှောင်တိမ်းနေထိုင်နေတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း ပိုင်တံခွန်ဘေးကင်းဖို့အတွက် ဝိုင်းဝန်းဆုတောင်းပေးနေကြတာဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့စိတ်ဓာတ်က ရဲရင့်ပြတ်သားတာကြောင့် လက်ရှိအခြေအနေမှာ ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိဘဲအေးအေးဆေးဆေးဖြတ်သန်းနေတာဖြစ်ပါတယ်။ပိုင်တံခွန်ကတော့ သူ့ရဲ့ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်သွားအောင်လို့ အွန်လိုင်းပေါ်မှာအမြဲရှိနေတာဖြစ်ပါတယ်။
အခုဆိုရင်လည်း ပိုင်တံခွန်က”ကျွန်တော်တို့ရဲ့လက်ရှိဘဝဟာရေမျောကမ်းတင် ဆိုတဲ့စကားနဲ့ ဆင်တူပါတယ်။ရေမျောကမ်းတင် ဆိုတာကို သေးသိမ်တဲ့ စကားလို့ထင်ခဲ့ဖူးတယ်။တကယ်တော့ မျောပါလာတဲ့ ပစ္စည်းရဲ့ တန်ဖိုးပေါ်မှာ မူတည်တယ်ဆိုတာကိုနားလည်လာခဲ့တယ်။ဘယ်ရေမှာ ဘယ်လိုမျောမျော ဘယ်ကမ်းမှာ ဘယ်လိုတင်တင်တန်ဖိုးရှိတဲ့ အရာဆိုရင် ရောက်တတ်ရာရာမှာ တန်ဖိုးရှိစမြဲပါ”ဆိုပြီး သူ့ရဲ့ထင်မြင်ချက်ကိုရေးသားထားတာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာ ပြည်သူလူထုကတော့ တစ်သွေးတည်း၊တစ်သားတည်းရှိပြီး အမှန်တရားအတွက်ဆက်လက်အကောင်အထည်ဖော်နေကြဆဲပဲဖြစ်ပါတယ်။
Source&Photo Credit:Paing Takhon’s Facebook page