အောင်မြင်ကျော်ကြားတဲ့ ဒိတ်ဒိတ်ကြဲ အဆိုတော်တစ်ဦးဖြစ်သလို မင်းသားတစ်လက်လည်းဖြစ်တဲ့ စိုင်းစိုင်းခမ်းလိုင်ကတော့ ပြည်သူတွေဘက်ကနေ ရပ်တည်နေတဲ့သူပဲ ဖြစ်ပါတယ် ။ စိုင်းစိုင်းခမ်းလိုင်က သူကိုယ်တိုင် လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်နေသလို ပြည်သူတွေအတွက် အမောပြေအချိုရည်တွေ၊ ရေသန့်တွေနဲ့ မုန့်တွေကိုလည်း ရသလောက်လှူဒါန်းပေးနေတာ ဖြစ်ပါတယ် ။ သူ့ရဲ့ရင်တွင်းဆန္ဒတွေကို ဖော်ပြတောင်းဆိုနေတဲ့ စိုင်းစိုင်းခမ်းလိုင်က ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဂီတအနုပညာရှင်များအဖွဲ့နဲ့အတူ ပူးပေါင်းပါဝင်ခဲ့သေးတာလည်း ဖြစ်ပါတယ် ။
စိုင်းစိုင်းကတော့ သူတတ်နိုင်တဲ့ဘက်ကနေ ကိုယ့်နိုင်ငံနဲ့ ပြည်သူတွေအတွက် တာဝန်ကျေပွန်စွာ အားပေးကူညီနေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် စိုင်းစိုင်းက နေ့ဘက်မှာလမ်းပေါ်ထွက်ပြီး ကြိုးစားပေးနေသလို ညဘက်မှာလည်း ပြည်သူတွေနဲ့အတူ သံပုံးတီးတဲ့လှုပ်ရှားမှုမှာ ပါဝင်လေ့ရှိတာပဲ ဖြစ်ပါတယ် ။ အခုတော့ စိုင်းစိုင်းက သူ့အနေနဲ့ ကျဆုံးသွားတဲ့သူတွေအတွက် အားလုံးနဲ့ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်ရပြီး အရမ်းခံစားနေရကြောင်း ပြောပြလာခဲ့တာ ဖြစ်ပါတယ် ။
စိုင်းစိုင်းက "ကျဆုံးခဲ့ရတဲ့သူတွေအားလုံးအတွက် အရမ်းဝမ်းနည်းခံစားရတယ် ဘယ်လိုမှယူကျုံးမရဘူး တစ်သက်လုံး မကြေဘူး ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေပါဗျာ လက်နက်အားကိုးနဲ့ မတရားအနိုင်ကျင့်သတ်ဖြတ်နေတာတွေ ချက်ချင်းရပ်ပါတော့ အာဏာရှင်စနစ် မုချကျဆုံးပါစေ ပြည်သူတွေ နိုင်ရမည် အရေးတော်ပုံ အောင်ရမည် How Many Dead Body Need For UN to Take Action?" ဆိုပြီး သူ့ရဲ့Facebook Page မှာ ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ ပြည်သူတွေနဲ့အတူရပ်တည်နေတဲ့ စိုင်းစိုင်းကတော့ ကျဆုံးသွားတဲ့သူရဲကောင်းလေးတွေအတွက် ဝမ်းနည်းကြောင်း စကားဆိုထားတာဖြစ်ပြီး အားပေးနှစ်သိမ့်ပေးနေတာလည်း ဖြစ်ပါတယ် ။
Source & Photo Credit -Sai Sai Kham Leng's FB Page