မောနေ၊ကြောက်နေပေမယ့် အနာဂတ်မျိုးဆက်အတွက် အုပ်တစ်ချပ်သဲတစ်ပွင့်ဖြစ်ချင်တာကြောင့်တက်တက်ကြွကြွပါဝင်လှုပ်ရှားနေကြောင်း ပြောပြလာတဲ့ အောင်လ

//s9.kh1.co/82/8264b4de550812967cffeeb8a43e5f8923de1b69.jpg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

မောနေ၊ကြောက်နေပေမယ့် အနာဂတ်မျိုးဆက်အတွက် အုပ်တစ်ချပ်သဲတစ်ပွင့်ဖြစ်ချင်တာကြောင့်တက်တက်ကြွကြွပါဝင်လှုပ်ရှားနေကြောင်း ပြောပြလာတဲ့ အောင်လ

အဆိုတော်အောင်လကတော့ အဆွေးသီချင်းလေးတွေ ၊အချစ်သီချင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကိုဝင်ရောက်နေရာယူထားနိုင်သူတစ်ယောက်ဖြစ်ပြီး ယခုမှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေပါတယ်။ ပရိသတ်တွေရဲ့အားပေးမှုကို ရယူထားနိုင်တဲ့ သူကတော့ အောင်မြင်လျက်ရှိနေတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ အောင်လကတော့ လူထုလှုပ်ရှားမှုတွေစတင်တဲ့နေ့ကတည်းက ပြည်သူတွေနဲ့အတူ ပါဝင်လှုပ်ရှားခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

Photo credit: Aung La ( Reason ) ' s Facebook Page
Photo credit: Aung La ( Reason ) ' s Facebook Page
Photo credit: soe thu tun
Photo credit: soe thu tun

ပြည်သူတွေရဲ့ဆန္ဒနဲ့ ထပ်တူကျတဲ့ သူကတော့ အမှန်တရားဘက်ကနေ ရပ်တည်လျက်ရှိနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ အောင်လကတော့ ဝိုင်းစုခိုင်သိန်းနဲ့အတူ မနေ့ကပြုလုပ်တဲ့လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွနဲ့ပါဝင်နေခဲ့ပါတယ်။ အောင်လကတော့ နေပူလို့မောနေ၊ကြောက်နေပေမယ့် အနာဂတ်မျိုးဆက်တွေအတွက် အုပ်တစ်ချပ်သဲတစ်ပွင့်ဖြစ်ခွင့်ရချင်တာကြောင့် လူထုလှုပ်ရှားမှုမှာ အားမာန်အပြည့်နဲ့ပါဝင်နေတဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။

Photo credit: soe thu tun
Photo credit: soe thu tun
Photo credit: soe thu tun
Photo credit: soe thu tun
Photo credit: soe thu tun
Photo credit: soe thu tun

အောင်လကတော့ " နေပူလားပူတာပေါ့ဗျာမောလားမောတာပေါ့ဗျာ ကြောက်လားကြောက်တာပေါ့ဗျာ ဒါပေမယ့် ကျွန်တော်တို့ အနာဂတ် အတွက်ကျွန်တော်တို့ နောက်မျိုးဆက် တွေ အတွက် ဆိုရင်တော့ ဒါဟာ အုပ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ခွင့်လေးပါပဲ အရေးတော်ပုံ အောင်ရမည် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ ဝိုင်းစုခိုင်သိန်းနဲ့အတူ လူထုလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ အောင်လရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Aung La ( Reason ) ' s Facebook Page

Photo credit: soe thu tun
Photo credit: soe thu tun
Photo credit: soe thu tun
Photo credit: soe thu tun
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T