ပြည်သူတွေရဲ့ရှေ့ကနေ ဒိုင်းတွေနဲ့ မမောနိုင်မပန်းနိုင်ကာကွယ်ပေးရင်း ဘယ်သူမှ လာမကူညီလည်း တို့ပြည်သူတွေရှိတယ်လို့ ဆိုလိုက်တဲ့တိုင်ရွန်

//s9.kh1.co/89/8929ded37e85bf224b33798b87880b65cc357145.jpg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ပြည်သူတွေရဲ့ရှေ့ကနေ ဒိုင်းတွေနဲ့ မမောနိုင်မပန်းနိုင်ကာကွယ်ပေးရင်း ဘယ်သူမှ လာမကူညီလည်း တို့ပြည်သူတွေရှိတယ်လို့ ဆိုလိုက်တဲ့တိုင်ရွန်

ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ တိုင်ရွန်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်သူတစ်ယောက်ဖြစ်သလို ​ကြော်ငြာတွေကိုလည်း ရိုက်ကူးခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေမှာ စိတ်အားထက်သန်မှုအပြည့်နဲ့ ပါဝင်လျက်ရှိနေတဲ့ တိုင်ရွန်ကတော့ အမှန်တရားဘက်ကနေ ပြည်သူတွေနဲ့အတူ ရပ်တည်လျက်ရှိနေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

Photo  Credit: tyron bejay ' s facebook page
Photo Credit: tyron bejay ' s facebook page
Photo  Credit: tyron bejay ' s facebook page
Photo Credit: tyron bejay ' s facebook page

တိုင်ရွန်ကတော့ မနေ့ကလူထုလှုပ်ရှားမှုမှာ အသက်ပေးခဲ့ရသူတွေအတွက်လည်း စိတ်မကောင်းဖြစ်မိကြောင်း လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါသေးတယ်။ တိုင်ရွန်ကတော့ ယခုမှာ လူထုလှုပ်ရှားမှုပြုလုပ်နေကြတဲ့ ပြည်သူတွေများစွာရဲ့ရှေ့ကနေ ဒိုင်းတွေနဲ့ မမောနိုင်မပန်းနိုင်ကာကွယ်ပေးနေခဲ့ပါတယ်။ သူကတော့ ပြည်သူတွေထိခိုက်မှုနည်းအောင် ခင်မင်ရတဲ့သူငယ်ချင်းတွေနဲ့အတူ နေ့စဥ်ရက်ဆက် ကာကွယ်ပေးနေသူတစ်ယောက်ပဲဖြစ်ပါတယ်။

Photo  Credit: tyron bejay ' s facebook page
Photo Credit: tyron bejay ' s facebook page
Photo  Credit: tyron bejay ' s facebook page
Photo Credit: tyron bejay ' s facebook page
Photo  Credit: tyron bejay ' s facebook page
Photo Credit: tyron bejay ' s facebook page

တိုင်ရွန်ကတော့ " ဘယ်သူမှ လာမကူညီလည်း တို့ပြည်သူတွေ ရှိတယ် နောက်ဆုံးထိ ရသလို မီးစင်ကြည့်ကရမှာဘဲ Gen Y "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုပြုလုပ်နေကြတဲ့ ပြည်သူတွေကို တတ်နိုင်သလောက်ကာကွယ်ပေးနေတဲ့ တိုင်ရွန်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ မြန်မာပြည်သူပြည်သားတွေအားလုံး ဘေးရန်ကင်းရှင်းပြီး စိတ်ချမ်းသာတဲ့ နေ့ရက်တွေပိုင်ဆိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Source: tyron bejay ' s facebook page

Photo  Credit: tyron bejay ' s facebook page
Photo  Credit: tyron bejay ' s facebook page
Photo  Credit: tyron bejay ' s facebook page
Photo Credit: tyron bejay ' s facebook page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T