ပရိသတ်ကြီးရေ....ပြည်သူချစ် တေးသံရှင် နီနီခင်ဇော်ကတော့ အသံပါဝါကောင်းကောင်းနဲ့ နားဆင်သူတွေရဲ့ ရင်ထဲထိရောက်အောင် ခံစားသက်ဝင်မှု အပြည့်နဲ့ သီဆိုဖျော်ဖြေလေ့ရှိတဲ့ သူပဲ ဖြစ်ပါတယ်။နီနီဟာ ဂီတလောကတွင် သီချင်းကောင်းများစွာကို ဖန်တီးသီဆိုကာ အခွေတွေလည်း ထွက်ရှိထားတာ ဖြစ်ပြီး တစ်ခေတ်တစ်ခါက သီချင်းတွေကို ပြန်လည်ဆန်းသစ် သီဆိုတဲ့ အခါမှာလည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုလည်း ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်နော်.....။
နီနီက ဆေးပညာကို လေ့လာသင်ယူထားတာ ဖြစ်ပြီး သူမဝါသနာပါတဲ့ ဂီတအလုပ်တွေကိုသာ လုပ်ကိုင်နေပေမယ့်လည်း အခုလိုဖြစ်ပေါ်နေတဲ့ အချိန်မှာတော့ သူမတတ်ကျွမ်းသင်ယူထားတဲ့ ပညာကို အသုံးချကာ ကျန်းမာရေးအတွက် လိုအပ်နေတဲ့ ပြည်သူတွေအတွက် တတ်နိုင်သလောက် သူငယ်ချင်းဆရာဝန်ရဲ့ အခမဲ့ဆေးခန်းမှာ ကူညီလုပ်ကိုင်ပေးနေတာ ပဲဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေမှာလည်း ဂီတအနုပညာမောင်နှမတွေနဲ့ အတူ ပူပေါင်းပါဝင် နေတာကိုလည်း တွေ့ရပါတယ်နော်......။
ဒီနေ့မှာဆိုရင်လည်း နီနီက "နွေဦးပန်းကလေးများ အနာဂတ်ကောင်းမှာ လန်းဆန်းစွာဖူးပွင့်စေဖို့.....ရည်ရွယ်၍ ဆန္ဒမွန် အခမဲ့ သားဖွားခန်းနှင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုဌာန သနပ်ခါးတိုက်ပွဲ အမှတ်တရ (25.2.2021) ယနေ့လာရောက်ကူညီဒါနပြုသူဆရာဝန်များ လှူဒါန်းသူများ အားလုံးကျန်းမာကြပါစေရှင်"ဆိုတဲ့ စာသားလေးနဲ့ အတူ ပုံရိပ်လေးတွေကို သူမရဲ့ လူမူကွန်ယက်စာမျက်နှာထက်တွင် တင်ပေးလာတာ ဖြစ်ပါတယ်။နီနီရဲ့စေတနာအပြည့်နဲ့ ပြုစုစောင့်ရှောက်ပေးနေတဲ့ စိတ်ဓာတ်လေးကို လေးစားအားကျတာမို့ ချစ်ပရိသတ်တွေ အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်......။
သတင်း အရင်းအမြစ်៖ Ni Ni Khin Zaw FB Account