ပရိသတ်ကြီးရေ......ဂီတလောကမှာ နှစ်ပေါင်းအတော်ကြာရပ်တည်အောင်မြင်နေပြီး သီချင်းကောင်းတွေကို ပရိသတ်တွေရင်ထဲရောက်အောင်သီဆိုနိုင်တဲ့ အဆိုတော်Rဇာနည်ကိုသိကြမယ်ထင်ပါတယ်နော်။ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ပြည်သူပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေကလည်း ပြည်သူလုထုနဲ့အတူလှုပ်ရှားမှုတွေမှာ အားတက်သရောပူးပေါင်းပါဝင်နေကြတာဖြစ်ပြီး ဒီထဲမှာဆိုရင် Rဇာနည်တစ်ယောက်လည်းအပါအ၀င်ဖြစ်ပါတယ်.....။
အရှိန်အဟုန်ပြင်းပြင်းနဲ့ လုပ်ဆောင်နေကြတဲ့လူထုလှုပ်ရှားမှုတွေဟာဆိုရင် တစ်ရက်ပြီးတစ်ရက်အားကောင်းလာနေတာဖြစ်ပြီး ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံးကသူတွေလည်း ပါ၀င်လာကြတာတွေ့ရပါတယ်နော်။ အခုဆိုရင်လည်း Rဇာနည်ဟာ ဂီတအနုပညာညီအစ်ကိုမောင်နှမတွေနဲ့အတူ မြေနီကုန်းမှာတက်ကြွစွာနဲ့ လူထုလှုပ်ရှားမှုတွေကို ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပါတယ်.....။
အခုလိုမျိုး ပြည်သူတွေနဲ့အတူ တစ်သားတည်းအခိုင်အမာရပ်တည်ကာ ပူးပေါင်းပါ၀င်နေတဲ့ သူ့ရဲ့ ပုံရိပ်တွေကို Rဇာနည်ဟာ Facebookစာမျက်နှာမှာ "ငါတို့ဂီတ..." ဆိုတဲ့ captionလေးနဲ့ တင်ပေးလာခဲ့တာဖြစ်ပါတယ်။ ကဲ....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
သတင်း အရင်းအမြစ်៖ Zarni Myonyunt's Facebook acc