နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးချောလေး ဖွေးဖွေးကတော့ ပြည်သူတွေရဲ့ အချစ်တွေကို အကုန် သိမ်းပိုက်ထားတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင်တဲ့ အနုပညာရှင်တစ်ယောက် ပဲဖြစ်ပါတယ်။သူမဟာ ဗီဒီယိုဇာတ်ကားတွေ အများအပြား ရိုက်ကူးခဲ့ပြီး သရုပ်ဆောင် ပီပြင်မှုကြောင့် နောက်ပိုင်းတွင် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ အောင်မြင်စွာ ရိုက်ကူးပုံဖော်နိုင်ကာ အကယ်ဒမီရွှေစင်ဆုတွေကိုပါ ရရှိပိုင်ဆိုင်ခဲ့တဲ့ မင်းသမီးတစ်လက် ပဲဖြစ်ပါတယ်။
အားလုံးရဲ့ ချစ်ခင်အားပေး ဝန်းရံမှုကို ရရှိထားတဲ့ ဖွေးဖွေးကတော့ အနုပညာအလုပ်တွေကို တန်ဖိုးထားကာ ဆက်လက် လုပ်ကိုင်နေတာ ဖြစ်ပြီး သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေကို အမြဲချပြလေ့ ရှိတဲ့သူ ပဲဖြစ်ပါတယ်။လက်ရှိမှာတော့ မြန်မာပြည်ကြီး အေးချမ်းနိုင်စေဖို့ အတွက် အမှန်တရားဘက်ကနေ ပြည်သူတွေနဲ့ အတူ ပါဝင်လှုပ်ရှားကာ အားကြိုးမာန်တတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်နော်......။
ဖွေးဖွေးဟာ သူမရဲ့လူမူကွန်ယက်စာမျက်နှာထက်တွင်"ဖေဖော်ဝါရီ ၁၃ မှာ...CDM မှာပါဝင်ပေးကြသော ဝန်ထမ်းများကို ပံ့ပိုးဖို့ "We Support Heroes" ကို လေးစားထိုက်ပါသော ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့အမှတ်တရ ၁၅သိန်း လှူဖြစ်ခဲ့ပါတယ် ဖွေး နောက်ထပ်လဲ လှူသွားပါဦးမယ်! ?✨?????CDM !အောင်ရမည်! I Believe !!! I Respect!!!
????? ???????? ??????? ???? ????♥️ဗိုလ်ချုပ်အတွက် မွေးနေ့လက်ဆောင်က တော့"ကြောက်ခေတ်ကိုပြန်မသွားကြေး" ပေါ့ရှင် ?"ဆိုတဲ့စာသားလေးကို မျှဝေပေးလာတာကြောင့် ဖွေးရဲ့ ပရိသတ်တွေ အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Phway Phway Fb page