​သောင်းချီတဲ့ လူအုပ်ကြားထဲ တိုးဝှေ့ကာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပေးခဲ့တဲ့ နန်းစုရတီစိုး

//s9.kh1.co/58/5824de8fe2ae670979666f82fdbcf1ad23178b7a.jpg
အနုပညာရှင်များ

 ၀၉-ဖေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် ပီပြင်ကောင်းမွန်ရုံသာမကပဲ အဆိုပိုင်းမှာလည်း သာယာတဲ့အသံလေးကို ပိုင်ဆိုင်ထားတဲ့ သူလေးကတော့ နန်းစုရတီစိုးပဲ ဖြစ်ပါတယ်။ နန်းစုက ဆယ်စုနှစ်တစ်ခုကြာ အနုပညာလောကမှာ ရပ်တည်အောင်မြင်ခဲ့တာဖြစ်ပြီး ပရိသတ်အားပေးမှုကိုလည်း တစ်ခဲနက်ရရှိထားတဲ့ ဝါရင့်အနုပညာရှင် တစ်ယောက်ပါ။ အနုပညာလှုပ်ရှားမှု အသစ်အသစ်တွေကို ပရိသတ်တွေထံ အမြဲချပြလေ့ရှိတဲ့ နန်းစု ရုပ်ရှင်ဇာတ်ကားကြီးတွေအပြင် အချစ်သီချင်းလေးတွေကိုလည်း ပုံဖော်ရိုက်ကူးနေတာဖြစ်ပါတယ်။

Photo credit - Nansu Yati Soe's Fb Page
Photo credit - Nansu Yati Soe's Fb Page
Photo credit - Nansu Yati Soe's Fb Page
Photo credit - Nansu Yati Soe's Fb Page
Photo credit - Nansu Yati Soe's Fb Page
Photo credit - Nansu Yati Soe's Fb Page

ရှိရင်းစွဲ အသက်ထက် ငယ်ရွယ်နုပျိုမှုကို ပိုင်ဆိုင်ထားတဲ့ နန်းစုတစ်ယောက် ပုရိသတွေရဲ့ အားပေးဝန်းရံမှုကိုသာမကပဲ မိန်းကလေးအချင်းချင်းကပါ သဘောကျနှစ်သက်ရတာလည်း ဖြစ်ပါတယ်။ နန်းစုက သူမရဲ့ လှုပ်ရှားမှုတိုင်းကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ ဝေမျှလေ့ရှိတာဖြစ်ပြီး ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။ ဒါကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ပြည်သူနဲ့အတူ တစ်သားတည်း ရပ်တည်ဝန်းရံနေခဲ့တာပါ။

Photo credit - Nansu Yati Soe's Fb Page
Photo credit - Nansu Yati Soe's Fb Page
Photo credit - Nansu Yati Soe's Fb Page
Photo credit - Nansu Yati Soe's Fb Page
Photo credit - Nansu Yati Soe's Fb Page
Photo credit - Nansu Yati Soe's Fb Page

နန်းစုက သူမရဲ့ ဖေ့ဘွတ်အကောင့်မှာ " ပြည်သူတွေထဲက ပြည်သူတစ်ယောက်အနေနဲ့ ပြည်သူနဲ့အတူ တစ်သားထဲ ပါဝင်ခဲ့ပါတယ် " ဆိုတဲ့ စာသားလေးကို ဝေမျှရင်း ပုံလေးတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။ သောင်းချီတဲ့ လူအုပ်ကြားထဲမှာ တိုးဝှေ့ရင်း ပြည်သူတွေနဲ့အတူ တက်တက်ကြွကြွ ရပ်တည်ခဲ့တဲ့ နန်းစုရဲ့ပုံလေးတွေကို ပရိသတ်တွေကြည့်ရှုစေဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။ အဆိုပါ ပုံလေးတွေကိုကြည့်ပြီး ပရိသတ်တွေကလည်း နန်းစုအတွက် အားပေးစကားလေးတွေပြောပေးခဲ့ကြပါအုန်းနော်။ 

Photo credit - Nansu Yati Soe's Fb Page
Photo credit - Nansu Yati Soe's Fb Page
Photo credit - Nansu Yati Soe's Fb Page
Photo credit - Nansu Yati Soe's Fb Page
Photo credit - Nansu Yati Soe's Fb Page
Photo credit - Nansu Yati Soe's Fb Page
Photo credit - Nansu Yati Soe's Fb Page
Photo credit - Nansu Yati Soe's Fb Page

သတင်း အရင်းအမြစ်Source - Nansu Yati Soe's Fb Page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T