ပရိသတ်အချစ်တော် မင်းသမီးချောလေးတွေဖြစ်ကြတဲ့ ဖွေးဖွေးနဲ့ ခင်ဝင့်ဝါတို့ကတော့ အနုပညာလောကမှာ နာမည်ရအောင်မြင်နေပြီးသား ဖြစ်ပါတယ် ။ ချစ်ခင်အားပေးသူ ပရိသတ်တွေကိုယ်စီ ပိုင်ဆိုင်ထားကြတဲ့ သူမတို့နှစ်ယောက်က အနုပညာအလုပ်တွေကိုလည်း အတူတကွ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် အပြင်မှာဆိုရင်လည်း ဖွေးဖွေးတို့အနုပညာညီအစ်မနှစ်ယောက်က ချစ်ချစ်ခင်ခင်ရှိပြီး အရမ်းကို ခင်မင်ရင်းနှီးကြတာပဲ ဖြစ်ပါတယ်နော်။
ဒီနေ့မှာတော့ ဖွေးဖွေးနဲ့ ခင်ဝင့်ဝါတို့နှစ်ယောက်က အနုပညာမောင်နှမတွေနဲ့အတူ လှည်းတန်းစင်တာအရှေ့မှာ တွေ့ဆုံနေတာပဲ ဖြစ်ပါတယ် ။ ဖွေးဖွေးတို့အပြင် မင်းသားအလင်းရောင်၊ အဆိုတော်မေ၊ အဆိုတော်မိစန္ဒီနဲ့ အခြားနာမည်ကြီးအနုပညာရှင်တွေကလည်း အတူတူပါဝင်စုဝေးပြီး ရောက်ရှိလာကြတာ ဖြစ်ပါတယ် ။ ဖွေးဖွေးတို့အနုပညာရှင်တစ်စုကတော့ သူမတို့ချစ်ရတဲ့ပရိသတ်တွေနဲ့ တစ်သားတည်း ရပ်တည်ပြီး တက်ညီလက်ညီ ပါဝင်နေကြတာပဲ ဖြစ်ပါတယ် ။
အခုချိန်မှာ နိုင်ငံအတွက် တတ်နိုင်တဲ့ဘက်ကနေ ရပ်တည်ပေးနေကြတဲ့ ဖွေးဖွေးတို့အနုပညာရှင်တစ်စုကို ပရိသတ်တွေကလည်း အောက်ကနေ အပြတ်အသတ် ဝန်းရံအားပေးနေကြတာ ဖြစ်ပါတယ် ။ ဖွေးဖွေးနဲ့ ခင်ဝင့်ဝါတို့ကလည်း နေပူကြီးထဲမှာတောင် ပရိသတ်တွေနဲ့အတူ အားသွန်ခွန်စိုက်ပြီး ကြိုးစားနေကြတာ ဖြစ်ပါတယ် ။ ကဲ လှည်းတန်းစင်တာအရှေ့မှာ ပရိသတ်တွေနဲ့အတူ ပူးပေါင်းပါဝင်နေတဲ့ ဖွေးဖွေးတို့အနုပညာရှင်တစ်စုရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit-Khin Wint Wah's FB Page & Kyaw Kyaw Win's FB Acc