လတ်တလော လူမှုကွန်ယက်စာမျက်နှာ ထက်မှာ ရေပန်းစားနေကာ romantic ဆန်ဆန်ရိုက်ကူးထားတဲ့ ပုံလေးတွေနဲ့ အချစ်ကြောင်းပြောလာတဲ့ ဖြူဖြူနဲ့ ကျော်ထက်အောင်

//s9.kh1.co/5c/5c64e505afc03aa31a2a65fdf15ad457069d4a13.jpg
အနုပညာရှင်များ

 ၃၁-ဇန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေ ရရှိနေတဲ့ပရိသတ် အချစ်တော် ဖြူဖြူကျော်သိန်းနဲ့ ကျော်ထက်အောင်ကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်။ Myanmar Idol အစီစဥ်ကနေ စပြီး လက်တွဲကာ အလုပ်လုပ်နေကြတဲ့ ဖြူဖြူနဲ့ ကျော်ထက်အောင်ဟာ လက်ရှိ အချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ ဆိုရှယ်မီဒီယာ ထက်မှာ romantic ဆန်ဆန် ရိုက်ကူးထားတဲ့ ပုံလေးတွေကြောင့် အားလုံးရဲ့ အာရုံဆိုက်ခြင်းကို ခံနေကြရတာပဲ ဖြစ်ပါတယ်။

Photo Crd - Kyaw Htet Aung's FB Page
Photo Crd - Kyaw Htet Aung's FB Page
Photo Crd - Kyaw Htet Aung's FB Page
Photo Crd - Kyaw Htet Aung's FB Page

ဖြူဖြူဟာလည်း ဆရာဝန်တစ်ယောက်ဖြစ်ပြီး မိမိဝါသနာ ပါရာ ဂီတအလုပ်တွေကို လုပ်ဆောင်နေကာ ဂီတလမ်းကို ဆက်လက်လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။ ကျော်ထက်အောင်ဟာလည်း အစီစဥ် တင်ဆက်သူ တစ်ယောက်အနေနဲ့ အနုပညာလမ်းပေါ် စတင် ရောက်ရှိလာခဲ့ပြီး လက်ရှိ အချိန်မှာတော့ ရုပ်ရှင် ဇာတ်ကားကြီးတွေကို လက်ခံ ရိုက်ကူးနေကာ အနုပညာ လမ်းကို ဆက်လက်လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။သူတို့ နှစ်ယောက်ကတော့ ကိုယ်ဝါသနာ ပါရာ အလုပ်တွေကို လုပ်ဆောင်နေပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြတာပဲ ဖြစ်ပါတယ်။

Photo Crd - Kyaw Htet Aung's FB Page
Photo Crd - Kyaw Htet Aung's FB Page
Photo Crd - Kyaw Htet Aung's FB Page
Photo Crd - Kyaw Htet Aung's FB Page

ယခုအခါမှာတော့ ဖြူဖြူနဲ့ အတူ romantic ဆန်ဆန် ရိုက်ကူးထားတဲ့ ပုံလေးတွေကို ကျော်ထက်အောင်ရဲ့ လူမှု ကွန်ယက် စာမျက်နှာမှာ ဖော်ပြလာတာပဲ ဖြစ်ပါတယ်။ လတ်တလော ဆိုရှယ်မီဒီယာ အသုံးပြုသူတွေ အကြား ရေပန်းစားနေကာ ပရိသတ်တွေ အားပေးထောက်ခံမှုကို တခဲနပ် ရရှိထားတဲ့ ဖြူဖြူနဲ့ ရိုက်ကူးထားတဲ့ ပုံလေးတွေနဲ့ အတူ "အချစ်ကို ကိုးကွယ်

စကားလုံးမရှိတဲ့ ညတွေရဲ့ အနွေးဓါတ်" ဆိုတဲ့ ခေါင်းစဥ်လေး တပ်ပြီး ဖော်ပြလာတာကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်နော်.....။

Photo Crd - Kyaw Htet Aung's FB Page
Photo Crd - Kyaw Htet Aung's FB Page
Photo Crd - Kyaw Htet Aung's FB Page
Photo Crd - Kyaw Htet Aung's FB Page
Photo Crd - Kyaw Htet Aung's FB Page
Photo Crd - Kyaw Htet Aung's FB Page
Photo Crd - Kyaw Htet Aung's FB Page
Photo Crd - Kyaw Htet Aung's FB Page

သတင်း အရင်းအမြစ်Kyaw Htet Aung's Facebook Page

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T