အနုပညာလောကမှာ အောင်မြင်မှုတွေများစွာအပြင် ချစ်စရာသမီးလေးနဲ့အတူ ကြည်နူးအားကျစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူကတော့ အဆိုတော်စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်။ Treasure လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြသလို လည်လွန်းတတ်လွန်းပြီး နှုတ်ခမ်းစူစူလေးနဲ့ အသည်းယားလောက်အောင် အမြဲချစ်စရာကောင်းနေသူလေးပါ။
ပရိသတ်တွေ မျက်စိရှေ့တင် တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ ထရက်ရှာလေးကတော့ တစ်နေ့ထက်တစ်နေ့ အရမ်းတက်လာပြီး ချစ်စရာကောင်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုရသူလေးပဲဖြစ်ပါတယ် ။ပရိသတ်တွေအားကျရတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်တဲ့ သူမကိုတော့ ကြည်နူးအားကျနေကြတာလည်းဖြစ်ပါတယ် ။
ထရက်ရှာလေးရဲ့ လှုပ်ရှားမှုပုံလေးတွေကိုလည်း ပရိသတ်တွေကအမြဲစောင့်ကြည့်အားပေးနေတာလည်းဖြစ်ပါတယ်။ အခုလည်း အိမ်အလုပ်တွေကို လူကြီးတစ်ယောက်လို သေသေချာချာလုပ်ပေးနေရှာတဲ့ သမီးလေးကို သဘောတွေကျကာ ဗီဒီယိုလေးရိုက်ပြီး ဖော်ပြထားတာတွေ့ရတာကြောင့် ပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။