သရုပ်ဆောင် မင်းသမီးချောလေး မေကဗျာကတော့ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုတွေကို တစ်ခဲနက် ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်ဘက်တွင်သာမကဘဲ ဈေးရောင်းတဲ့ဘက်မှာပါ ထူးချွန်လွန်းတဲ့ မေကဗျာကိုတော့ အားလုံးက မချီးကျုးဘဲ မနေနိုင်အောင်ပါပဲနော်။ ကြော်ငြာရိုက်ကူးရေးမရှိတဲ့ နေ့များမှာလည်း အိမ်မှာနေရင်း အပန်းဖြေအနားယူလေ့ရှိတာလည်း ဖြစ်ပါတယ်။
မေကဗျာဟာ လတ်တလောမှာတော့ သရုပ်ဆောင် နေမျိုးအောင်တို့နဲ့အတူ ပုပ္ပါးဘက်ကို အလည်အပတ်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ပုပ္ပါးတောင်နဲ့ ပုဂံဘက်ကို သွားရောက်လည်ပတ်ခဲ့ပြီး ခရီးစဉ်တစ်လျှောက် ပရိသတ်တွေနဲ့ Live လွှင့်ကာ ရင်းရင်းနှီးနှီးစကားတွေပြောနေတာလည်း ဖြစ်ပါတယ်။ ခရီးသွားပုံရိပ်လေးတွေကိုလည်း အမြဲတင်ပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း မေကဗျာရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ ဧရာဝတီမြစ်ကမ်းနံဘေးကဟိုတယ်ဝန်းလေးမှာအခင်းလေးခင်းပြီး ပင်ပန်းတာတွေကိုဖြေဖျောက်ကာအနားယူနေတဲ့ မေကဗျာရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ကဗျာကတော့ ဒီခရီးစဉ်တွေကို ကိုဗစ်စစ်ဆေးရေးတွေ သေချာလုပ်ခဲ့ပြီးမှ လာခဲ့ရတာကိုလည်း ပရိသတ်တွေကို သေသေချာချာလေး ရှင်းပြပေးနေတာလည်း ဖြစ်ပါတယ်။ အားလုံးလည်း ကြည့်ရှုနိုင်အောင် မေကဗျာရဲ့ ဗီဒီယိုဖိုင်လေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- May Kabyar’s Facebook Page