Beauty Blogger မလေးနေခြည်ဦးဟာ အချိန်တိုအတွင်း အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားတာကြောင့်ဝါရင့်အနုပညာရှင်တွေရဲ့ ချီးကျူးခြင်းတွေကို ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ မြန်မာနိုင်ငံတွင်သာမကဘဲ နိုင်ငံတကာပွဲအခမ်းအနားများကိုပါ တက်ရောက်နေရတဲ့ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ အရာရာကို ပွင့်ပွင့်လင်းလင်းပြောတတ်တာကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေရတာလည်း ဖြစ်ပါတယ်။
အဘက်ဘက်မှာတော်လွန်းတဲ့သူမရဲ့ကြိုးစားမှုစိတ်ဓာတ်လေးတွေကတော့ပရိသတ်တွေအားကျအတုယူစရာပါပဲနော်။ မနေ့ကလည်း သူမရဲ့မွေးနေ့လေးကို ပြင်ဦးလွင်မှာဘဲ ချစ်ရတဲ့သူတွေနဲ့အတူ ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ခရီးရောက်နေပေမယ့်လည်း အနုပညာအသိုင်းဝိုင်းက ညီအစ်ကိုမောင်နှမများကို မွေးနေ့အတွက် ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ပြုလုပ်ထားတဲ့ ချိုင့်လေးနဲ့ နေ့လည်စာကို ပို့ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ မွေးနေ့မှာလည်းလက်ဆောင်များစွာ ရရှိခဲ့တဲ့အတွက်လည်း ပျော်ရွှင်နေတာလည်း ဖြစ်ပါတယ်။
နေခြည်ဦးဟာ သူမရဲ့ လှုပ်ရှားမှုတိုင်းကို ပရိသတ်တွေအတွက် လူမှုကွန်ယက်များမှတစ်ဆင့် ဝေမျှပေးလေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း နေခြည်ဦးရဲ့ Facebook Story မှာဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ လက်ဆောင်ရတဲ့သိန်းရာကျော်တန်ဖိုးရှိသောပတ္တမြားနားကပ်လေးကိုနားနှစ်ဖက်မှာဝင့်ကြွားစွာပန်ဆင်ထားတဲ့ နေခြည်ဦးရဲ့ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Nay Chi Oo’s Instagram and Facebook Account