ပရိသတ်ကြီးရေ အဆိုတော်ချစ်ကောင်းကတော့ အသံပါဝါအားကောင်းကောင်းကို ပိုင်ဆိုင်ထားပြီး အနုပညာလောကမှာ အောင်မြင်စွာလျှောက်လှမ်းနေတာဖြစ်ပါတယ်နော်။ချစ်ကောင်းရဲ့သီချင်းတွေကလည်း ခံစားချက်အပြည့်နဲ့ စီးမျောလို့ကောင်းပြီး အမြဲတမ်းနားထောင်နေလည်း မရိုးသွားနိုင်တဲ့ သီချင်းကောင်းလေးတွေဖြစ်ပါတယ်။ချစ်ကောင်းက သူ့ရဲ့အနုပညာအမွေကို သားသမီးတွေကိုလက်ဆင့်ကမ်းပေးထားပြီး အိမ့်ချစ်တို့မောင်နှမနဲ့လည်း သီချင်းတွေအတူတူသီဆိုထားတာဖြစ်ပါတယ်နော်။
ချစ်ကောင်းက နောက်ထပ်လည်း ချစ်စရာသားသမီးတွေကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကိုတည်ဆောက်ထားတာဖြစ်ပါတယ်။ချစ်ကောင်းရဲ့ဇနီးချောလေးကတော့ အိမ်ရှင်မကောင်းပီသစွာနဲ့ မိသားစုကို ဂရုစိုက်စောင့်ရှောက်ပေးတာဖြစ်ပါတယ်နော်။လတ်တလောမှာဆိုရင်တော့ ချစ်ကောင်းက မျက်စိခွဲစိတ်ကုသမှုခံယူထားတာကြောင့် သူ့ရဲ့ချစ်ဇနီးချောလေးက အစစအရာရာကို ကိုယ်တိုင်လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ချစ်ကောင်းရဲ့မိသားစုဘဝလေးကတော့ အပူအပင်ကင်းကင်းနဲ့ သာယာအေးချမ်းနေတာဖြစ်ပါတယ်နော်။
ချစ်ကောင်းရဲ့ကလေးသုံးယောက်လုံးကလည်း ချစ်မွေးအပြည့်ပါပြီး မိဘအပေါ်သိတတ်လိမ္မာကြတဲ့ သားသမီးတွေဖြစ်ပါတယ်။ချစ်ကောင်းရဲ့ဇနီးလေးကတော့"ဘာသာတရားကိုင်းရှိုင်းတဲ့သားသမီးတွေရထားသလို အိမ်ကိစ္စပါကူညီတတ်တဲ့ သားသမီးတွေမွေးထားမိလို့ ဂုဏ်ယူနေတဲ့မိခင်တစ်ယောက်ပါရှင်"ဆိုပြီး အရမ်းပီတိဖြစ်နေတာဖြစ်ပါတယ်။ချစ်ကောင်းရဲ့ ကလေးသုံးယောက်လုံးကလည်း အသက်ငယ်ငယ်လေးလေးတွေနဲ့ အရမ်းလိမ္မာကြလို့ မွေးရကျိုးနပ်တဲ့ကလေးလေးတွေဖြစ်ပါတယ်နော်။
Source&Photo Credit:Ei Sabai's Facebook Account