မင်းသမီးချောလေး ဆုမြတ်နိုးဦး ကတော့ အောင်မြင်နေတဲ့ သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားတွေထဲမှာ ဘယ်လိုဇာတ်ရုပ်တွေပဲဖြစ်ဖြစ် ပီပြင်အောင်သရုပ်ဆောင်ထားနိုင်သူပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေအပြင် တန်ဖိုးကြီး လက်ဝတ်ရတနာတွေကို Online ကနေရောင်းပေးနေတာ တွေ့ရပါတယ်။
ဆုမြတ်နိုးဦး က သွယ်လျကျစ်လျစ် ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေကလည်း ချစ်နေရတာ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ပရိသတ်တွေချစ်အားပိုမယ့် tik tok လေးတွေဆော့ကစားတာ တွေ့ရပါတယ်။ ယခုမှာလည်း ဆုမြတ်နိုးဦး က နောက်ထပ်ဆော့ကစားထားတဲ့ tik tok လေးကို တင်ပေးလာခဲ့ပါတယ်။
ဒီဗီဒီယိုလေးထဲမှာတော့ ဆုမြတ်နိုးဦး က မောင်လေးတွေ အသည်းကြွေလောက်တဲ့ စကားလုံးလှလှလေးတွေနဲ့ ခြွေချထားတဲ့ tik tok လေးပဲဖြစ်ပါတယ်။ ဒါ့အပြင် ဖက်ရှင်ကျကျလေးဝတ်ဆင်ထားတာကလည်း ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်အလှတရားတွေ ပိုမိုပေါ်လွင်စေခဲ့ပါတယ်။ ကဲ...ပရိသတ်ကြီးလည်း ဆုမြတ်နိုးဦး ရဲ့ အသည်းယားစရာ tik tok လေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။
သတင်း အရင်းအမြစ်៖ Video Credit & Source - Hsu Myat Noe Oo Tik Tok Acc