ခပ်မိုက်မိုက် ဖက်ရှင်လေးတွေနဲ့ ပုရိသတွေကို ညှို့ယူဖမ်းစားထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်တွေများစွာတိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားတဲ့ ပြည်သူချစ် မင်းသမီးလေးတစ်လက်လည်း ဖြစ်ပါတယ်။ သင်ဇာရဲ့ကောက်ကြောင်းအလှတရားတွေဟာလည်း မိန်းကလေးပရိသတ်တွေကတောင် ငေးမောယူရလောက်အောင် ဆွဲဆောင်မှုရှိလွန်းနေတာလည်း ဖြစ်ပါတယ်။
လတ်တလောမှာတော့ သင်ဇာတစ်ယောက် အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အားလပ်ရက်များမှာလည်း အားကစားလေ့ကျင့်ခန်းတွေ မပျက်မကွက် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ မနေ့ကလည်း သင်ဇာတစ်ယောက် ရတနာမိုင်နဲ့ ဖြူဖြူကျော်သိန်းတို့ ရောင်းချနေတဲ့ live နေရာကို အလည်သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း သင်ဇာဝင့်ကျော်ရဲ့ Facebook Story မှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ မိုင်လေးနဲ့ဖြူဖြူတို့ရဲ့အမိုက်စားတော်ကီတွေကြောင့်ရတနာပစ္စည်းတွေဝယ်ချင်စိတ်ဖြစ်သွားကာဈေးတွေမေးနေတဲ့ သင်ဇာရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ သင်ဇာဟာ ဈေးကူရောင်းပေးချင်ပါတယ်လို့ ပြောလိုက်တာနဲ့ မိုင်လေးတစ်ယောက် အမိုက်စား လက်ဝတ်ရတနာပစ္စည်းတွေကို ပြသနေတာကြောင့် ဖြူဖြူကတောင် ရတနာမိုင်ရဲ့စကားပြောပုံလေးတွေကို ချီးကျုးရတဲ့အထိပါပဲ။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Thinzar Wint Kyaw’s Facebook Account