မော်ဒယ်လ်မေမြတ်နိုးကတော့ လက်ရှိမှာ အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ချစ်စရာကောင်းလွန်းတဲ့အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်တဲ့ သူမကတော့ သေးသွယ်ပြီး အချိုးအစားပြေပြစ်တဲ့ အမိုက်စားခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ကာ ကြော်ငြာတွေကို ဆက်တိုက်ရိုက်ကူးနေရသူလေးပဲဖြစ်ပါတယ်။
ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လျက်ရှိနေတဲ့ အထိ အောင်မြင်လျက်ရှိနေတဲ့ သူမကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားလျက်ရှိနေပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်တင်ပေးလေ့ရှိနေတာပဲဖြစ်ပါတယ်။ အလန်းစားဖက်ရှင်လေးတွေအပြင် ခပ်မိုက်မိုက်ဖက်ရှင်လေးတွေကိုလည်း ဝတ်ဆင်လေ့ရှိတဲ့ သူမကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။
ယခုမှာတော့ စိုင်းစိုင်းတစ်ယောက်ဟာ မမြင်ဖူးတဲ့ကကွက်အဆန်းတွေနဲ့ကိုယ်လုံးတွေလှုပ်ခါပြီးကနေတဲ့ မေမြတ်နိုးကို ကြောင်တောင်တောင်နဲ့ကြည့်ကာ ခေါင်းတွေကုတ်နေခဲ့ပါတယ်။စိုင်းစိုင်းနဲ့အတူ ဆော့ကစားထားတဲ့ မေမြတ်နိုးရဲ့Tiktokလေးဟာ နာရီပိုင်းအတွင်း ကြည့်ရူသူတွေအလွန်များပြားလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် စိုင်းစိုင်းနဲ့ မေမြတ်နိုးတို့ရဲ့ အပီအပြင်ဆော့ထားတဲ့Tiktokလေးကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source :May Myat Noe 's TikTok Acc