ပရိသတ်ကြီးရေ သရုပ်ဆောင်၊လူရွှင်တော်ချစ်စုကတော့ အနုပညာအမွေကို ဖခင်ဖြစ်သူ ဦးပေါ်လေးဆီကနေဆက်ခံပြီး ဇာတ်သဘင်လောကမှာနေရာရရှိလာခဲ့တာပဲဖြစ်ပါတယ်။ချစ်စုက ဇာတ်ကားတွေမှာလည်းပါဝင်သရုပ်ဆောင်ပြီး အခုနောက်ပိုင်းမှာဆိုရင် သီချင်းလေးတွေတောင် ကိုယ်တိုင်ဖန်တီးနေပြီဖြစ်ပါတယ်။ချစ်စုက သူ့ရဲ့နောက်ကနေပါရမီအပြည့်ဖြည့်ပေးမယ့် ဇနီးကောင်းလေးကိုလည်း ပိုင်ဆိုင်ထားတာဖြစ်လို့ အိမ်ထောင်ကျတာ အရမ်းကံကောင်းပါတယ်နော်။
ချစ်စုတို့ဇနီးမောင်နှံနှစ်ယောက်မှာ သမီးလေးတစ်ယောက်လည်းထွန်းကားထားပြီး သမီးလေးရဲ့အနာဂတ်အတွက် ဇနီးမောင်နှံနှစ်ယောက်လုံး အလုပ်တွေကြိုးစားနေကြတာဖြစ်ပါတယ်။ချစ်စုကလည်း အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသစွာနဲ့ မိသားစုကိုနွေးထွေးကြင်နာပေးပြီး ပျော်ရွှင်အောင်ထားပေးတာဖြစ်ပါတယ်။လတ်တလောမှာဆိုရင်တော့ ချစ်စုတို့ဇနီးမောင်နှံက အွန်လိုင်းပေါ်မှာ ငါးခြောက်တွေအပြင် အောင်ဘာလေထီလက်မှတ်တွေကိုပါ ရောင်းချနေတာဖြစ်ပါတယ်။
အခုဆိုရင်တော့ ချစ်စုတို့ဇနီးမောင်နှံက ထီဆိုင်လေးကို အဆင်ပြေပြေနဲ့ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်နော်။ချစ်စုတို့ဇနီးမောင်နှံက မရှိအတူရှိအတူနေထိုင်ကြပြီး နှစ်ယောက်အတူတူကြိုးစားရုန်းကန်ကြလို့ သူတို့ရဲ့မိသားစုဘဝလေးက သာယာအေးချမ်းနေတာပဲဖြစ်ပါတယ်။ချစ်စုတို့ရဲ့ထီဆိုင်လေးမှာလည်း စဖွင့်တဲ့နေ့လေးတင် လူတွေကြိတ်ကြိတ်တိုးပြီး အားပေးဝယ်ယူနေကြတာဖြစ်ပါတယ်။ချစ်စုတို့ဇနီးမောင်နှံရဲ့စီးပွားရေးလေးလည်း ဒီထက်မကဖြစ်ထွန်းအောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source&Photo Credit:မောင်ချစ်စု And Art of Life's Facebook Account