ပရိသတ်အချစ်တော် ယွန်းယွန်းကို တော့ လူကြီးလူငယ်မရွေးအားလုံးသိကြမယ် ထင်ပါတယ်။ငယ်ရွယ်စဉ်ကတည်းက အနုပညာအလုပ်တွေနဲ့မစိမ်းဘဲ အသက်အရွယ်နဲ့ မလိုက်အောင်ကြိုးစားခဲ့တာကြောင့် ကလေးသရုပ်ဆောင် အကယ်ဒမီထူးချွန်ဆုကြီးကိုပထမဆုံး တစ်ယောက်အနေနဲ့ ရရှိခဲ့ တဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ဗီဒီယိုခေတ်ထဲက ကျရာဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်အောင်သရုပ်ဆောင်နိုင်တဲ့ အရည်အချင်းရှိတာကြောင့် ပရိသတ်တွေ အားပေးမှုကို တခဲနပ်ရရှိကာ အနုပညာလမ်းကို ဆက်လက်လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။
သူမရဲ့ စွဲဆောင်မှုရှိတဲ့ အပြုံး ရယ်လိုက်ရင်ပေါ်လာတဲ့ သွားတပ်လေးတွေကြောင့် ပုရိသ ယောက်ျားတွေကသာမက မိန်းကလေး ပရိသတ်တွေကပါ သည်းသည်းလှုပ်ချစ်ကြတာကို ခံနေရတာပဲ ဖြစ်ပါတယ်။ မကြာမကြာမှာလည်း ဖိတ်ထားတဲ့ပွဲတွေ တက်လိုက် ကြော်ငြာတွေ ရိုက်ကူးနေကာ အနုပညာ အလုပ်တွေနဲ့ အဆက်မပျက်ရှိနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း အစီအစဉ် တစ်ခုမှာ အောင်မင်းခန့်နဲ့ အတူroတာတွေကြောင့်ပရိသတ်တွေ အကြားရေပန်းစားကာ အသည်းယားပြီး ဝန်းရံနေကြတာပဲ ဖြစ်ပါတယ်။
ယခုအခါမှာတော့ မွေးနေ့လက်ဆောင်တွေ ရောက်လာတာကြောင့် ပျော်ရွှင်နေရတာလေးတွေကိုသူမရဲ့ ဖေ့ဘွတ် My day မှာမျှဝေလာတာပဲ ဖြစ်ပါတယ်။ မနှစ်က ဒီလိုအချိန်Birthday partyကြောင့် ရင်ခုန်နေပြီ ဖြစ်သော်လည်း ဒီနှစ်ကိုဗစ်အခြေအနေကြောင့် မွေးနေ့ပွဲ မလုပ်ရလို့ ဝမ်းနည်းနေတာကို မွေးနေ့လက်ဆောင်အဖြစ်ရှားပါးနေတဲ့ သဇင်ပန်းတွေ ရောက်လာလို့ ဝမ်းသာနေရတဲ့ ပုံလေးတွေကို ချပြလာတာပဲ ဖြစ်ပါတယ်။ ကဲ...ပရိသတ်ကြီးတို့ကလည်း မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ကြဦးနော်....။
သတင်း အရင်းအမြစ်៖ Yoon Yoon Facebook My day