ချစ်ရတဲ့ ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားကြီး ဦးရန်အောင်ကတော့ ဘယ်အချိန်ကြည့်ကြည့် နုငယ်ပျိုမြစ်တဲ့အလှတရားတွေနဲ့ ခန့်ညားချောမောနေဆဲပါ။ ဆယ်စုနှစ်များစွာတိုင် အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့တဲ့ ဦးရန်အောင်က နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ် အားပေးဝန်းရံခြင်းကို တစ်ခဲနက်ရရှိထားတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။
ဦးရန်အောင်ရဲ့ သရုပ်ဆောင်ကောင်းမှုတွေက ကြည့်ရှုသူပရိသတ်တွေကို အကြိုက်တွေ့စေတာဖြစ်လို့ အကယ်ဒမီ ဆုတွေကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားတာဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေရတဲ့ ဦးရန်အောင်က သူရဲ့ လှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာကတစ်ဆင့် ပရိသတ်တွေထံ အမြဲဝေမျှလေ့ရှိသူပါ။
ယနေ့မှာလည်း ခန့်ညားချောမောတဲ့ သူရဲ့ ရုပ်ရည်နဲ့ လိုက်ဖက်ညီတဲ့ မြန်မာဝတ်စုံနဲ့ ကြည့်ကောင်းလွန်းနေတဲ့ ပုံတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။ ကြည့်ရှုသူပရိသတ်တွေ အကြိုက်တွေ့မိစေမှာ အသေအချာပဲ ဖြစ်လို့ သရုပ်ဆောင် မင်းသားကြီး ဦးရန်အောင်ရဲ့ ပုံလေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်....။
သတင်း အရင်းအမြစ်៖ Source - Yan Aung's FB account