ပရိသတ်ကြီးရေ သရုပ်ဆောင် မယ်လိုဒီကတော့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့တဲ့ သူတစ်ယောက်ပါ။ နုပျိုလှပတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားပြီး ဝင်းမွတ်ဖြူဖွေးတဲ့ အသားအရည်လေးတွေကြောင့် ပရိသတ်အားပေးချစ်ခင်မှုကို တစ်ခဲနက်ရရှိထားတဲ့ သူမက ရှိရင်းစွဲအသက်ထက် ငယ်ရွယ်မှုကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။
ဆယ်စုနှစ်ကျော်တိုင်အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ကိုင်နေတဲ့ သူမက ယခုမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ရိုက်ကူးနေရပြီး ကြော်ငြာရိုက်ကူးရေးတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ သားငယ်လေးကို မွေးဖွားထားတဲ့ ခေးမေမေဖြစ်ပေမယ့်လည်း အပျိုရှုံးလောက်တဲ့ သူမရဲ့ အလှတွေကို တကယ်ကိုမှ ကြွေရက်စရာပါ။
လှုပ်ရှားမှုလေးတွေနဲ့ ပုံအလှလေးတွေကို ပရိသတ်တွေအချစ်ပိုစေဖို့အတွက် လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ ဝေမျှလေ့ရှိတဲ့ သူမက ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာပြန်ပါတယ်။ ဒါကတော့ " ခုတလော အိမ်အလုပ် နဲ့shooting မအားလို့ပျောက်နေတာ စိတ်မပူနဲ့နော် မ ရင်ထဲမှာ မင်း ဘဲရှိတယ် " ဆိုတဲ့ စာသားလေးအပြင် အရုပ်မလေးလို လှရက်လွန်းတဲ့ ပုံလေးတွေကို တင်ပေးလာတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်....။
သတင်း အရင်းအမြစ်៖ Source - Melody Myo's FB account