အကယ်ဒမီနန္ဒာလှိုင်ရဲ့အမျိုးသား ဦးဇေသီဟကတော့ ခင်ပွန်းကောင်းပီသပြီး ပျော်ပျော်နေတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ပရိသတ်တွေကလည်း မင်းသမီးချောနန္ဒာလှိုင်ရဲ့အိမ်ထောင်ရေးလေးကို အရမ်းအားကျကြလို့ သူမတို့ရဲ့မိသားစုပုံရိပ်လေးတွေကို အမြဲစောင့်ကြည့်ပြီးချစ်နေကြတာဖြစ်ပါတယ်။ဦးဇေသီကတော့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသစွာနဲ့ မိသားစုကိုအချိန်ပေးပြီးဂရုစိုက်သလို စီးပွားရေးကိုလည်းကျွမ်းကျင်စွာလုပ်ကိုင်တတ်ပါတယ်နော်။လတ်တလောမှာဆိုရင်တော့ ဦးဇေသီဟက မကြာခင်မှာဖွင့်လှစ်တော့မယ့် ဇေကမ္ဘာပြတိုက်ကို ကိုယ်တိုင်ကြီးကြပ်ပြီး သေချာပြင်ဆင်နေတာဖြစ်ပါတယ်။
ဦးဇေသီဟက"ဇေကမ္ဘာ ပြတိုက်ကို ဖေဖေါ်ဝါရီလ (၁)ရက်နေ့ ကျွန်တော့်မွေးနေ့မှာ ဖွင့်ပါမယ်။ အများပြည်သူများ ကြည့်ရှု့လေ့လာနိုင်ရန်အတွက် အချိန်နေ့ရက် ကာလတစ်ခုအထိ အခမဲ့ သတ်မှတ်ထားပါတယ်။ ကိုဗစ်ကာလအတွင်း သတ်မှတ်ချက်များအရအများပြည်သူ ဝင်ရောက်လေ့လာခွင့် ရရှိတဲ့အခါမှာ ရောဂါ ထိန်းချုပ်ရေး အတွက် ကြိုတင်စာရင်းပေးစနစ်ဖြင့် နေ့စဉ် လူဦးရေ ကန့်သတ်ချက်နဲ့ ဖွင့်လှစ်သွားဖို့ရှိပါတယ်။ ပြတိုက်ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်တွေထဲက တစ်ခုဖြစ်တဲ့ အစိုးရစာသင်ကျောင်းနဲ့ ပရဟိတ စာသင်ကျောင်းများမှ ကျောင်းသားများ နဲ့ ရဟန်းသံဃာများ အခမဲ့ ဝင်ရောက် လေ့လာနိုင်ပါတယ်။ကြိုတင်စာရင်းသွင်း ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကို မကြာခင် ကြေငြာပါ့မယ်။"
"ပြတိုက် ဝင်ကြေး....ပြတိုက်အတွင်းက တန်ဖိုးကြီးပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကုန်ကျစရိတ်က အသစ်တွေထက် ပိုကြီးသလို ဝန်ထမ်းအများအပြားနဲ့ နည်းပညာမြင့် လုံခြုံရေးအစီအမံများ ထားရှိပါတယ်။ ပညာရပ်ဆိုင်ရာ ထူးချွန်ကျောင်းသားများကို ပညာသင်စရိတ်ထောက်ပံ့ပေးခြင်းအပါအဝင် ရှေးဟောင်းသုတေသန ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ထားပါတယ်။မြန်မာနိုင်ငံသားများအတွက် တစ်ဦးလျှင် ၅၀၀၀ ကျပ်နှုန်း နှင့် နိုင်ငံခြားသားများ အတွက် တစ်ဦးလျှင် USD 10 ကောက်ခံဖို့ သတ်မှတ်ထားပါတယ်။
တနင်္လာနေ့မှ အပ ကျန်ရက်များတွင် မနက် ၉း၃၀ မှ ညနေ ၅ နာရီထိ နေ့စဉ် ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်။"ဆိုပြီး ပြည်သူလူထုသိရအောင်လို့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။
Source&Photo Credit:Zay Thiha's Facebook Account