ကလေးနှစ်ယောက် မိခင်ဖြစ်ပေမယ့်လည်း သူမရဲ့ အလှအပအတွက် အချိန်ပေးကာ အိမ်မှာနေရင်း လေ့ကျင့်ခန်းတွေ ပြုလုပ်နေတဲ့ အူဝဲရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/a8/a8bc0a51aec64246256af1179e2fefb90362e8d0.jpg
အနုပညာရှင်များ

 ၁၃-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကတော့ အိမ်နေရင်းနဲ့ အားကစားတွေကို ဆက်တိုက်ဆိုသလို လုပ်လေ့ရှိတာကို တွေ့ရပါတယ်။ ကလေးနှစ်ယောက် မိခင်ဖြစ်ပေမယ့်လည်း အပျိုရှုံးရလောက်အောင် အလှမပျက်ပဲ ကြည့်ကောင်းလွန်းတဲ့ သူမက ပရိသတ်တွေကို ချစ်အားပိုစေတာကိုလည်း တွေ့ရပါတယ်။

Photo credit - Eaindra Kyaw Zin's Facebook Page 
Photo credit - Eaindra Kyaw Zin's Facebook Page 
Photo credit - Eaindra Kyaw Zin's Facebook Page 
Photo credit - Eaindra Kyaw Zin's Facebook Page 

ခင်ပွန်းသည်ပြေတီဦးကလည်း ဇနီးသည်လေး အူဝဲကို အမြဲစိတ်ချမ်းသာအောင်ထားပြီး အလိုလိုက် ဂရုစိုက်တာဖြစ်လို့ မိန်းကလေးပရိသတ်တွေကလည်း အူဝဲကို အတော်လေး အားကျ အချစ်ပိုနေတာပါ။ အူဝဲက လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာ လုပ်ကိုင်နေပြီး အားလပ်တဲ့အချိန်မှာ မိသားစုကို အချိန်ပေးကာ ပျော်ရွှင်လေ့ရှိသူပါ။

Photo credit - Eaindra Kyaw Zin's Facebook Page 
Photo credit - Eaindra Kyaw Zin's Facebook Page 
Photo credit - Eaindra Kyaw Zin's Facebook Page 
Photo credit - Eaindra Kyaw Zin's Facebook Page 

ဒါ့အပြင် သူမရဲ့ အလှအပအတွက်လည်း အမြဲဂရုစိုက်လေ့ရှိတာဖြစ်ပြီး ယနေ့မှာလည်း အိမ်မှာပဲ လေ့ကျင့်ခန်းတွေပြုလုပ်နေခဲ့တာပါ။ ပြေးစက်ပေါ်မှာ ပြေးနေရင်း ပြတင်းပေါက်က လေတွေတိုက်ခတ်လာတာကြောင့် စိတ်ကြည်နူးခဲ့ရပြီး ဗီဒီယိုလေး ရိုက်ကူးကာ လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ တင်ပေးလာတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုအချစ်ပိုစေရန်အတွက် အဆိုပါ ဗီဒီယိုဖိုင်လေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်..... ။

Photo credit - Eaindra Kyaw Zin's Facebook Page 
Photo credit - Eaindra Kyaw Zin's Facebook Page 

သတင်း အရင်းအမြစ်Source - Eaindra Kyaw Zin's Facebook Page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T