ချစ်ခင်ပွန်းသရုပ်ဆောင်ခဲ့တဲ့ဇာတ်ဝင်ခန်းပုံရိပ်တွေကိုပြန်လည်ရှာဖွေပြီး ဘယ်လောက်ထိကြွေခဲ့ကြောင်းပြောပြလာတဲ့ သူထူးစံရဲ့ဇနီး

//s9.kh1.co/c6/c64b0d35841b85d9e85a5daf0fc2a569d30aa935.jpeg
အနုပညာရှင်များ

 ၁၃-ဇန်-၂၀၂၁ ၈am · လွန်ခဲ့သော ၃ နှစ် က

.

အက်ရှင်ဇာတ်ကားတိုင်းလိုလို  ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့်  တစ်နိုင်ငံလုံးက  ပရိသတ်တွေရဲ့  အားပေးမှုတွေကို ရရှိထားသူကတော့  သရုပ်ဆောင်  မင်းသားချောလေး  သူထူးစံပဲ  ဖြစ်ပါတယ်။  သူဟာ  ဆယ်စုနှစ်ကျော်တိုင်အောင်   ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကြောင့်  အနုပညာလောကတွင် နေရာတစ်နေရာ  ရပ်တည်လျက်ရှိနေတာလည်း  ဖြစ်ပါတယ်။  လက်ရှိမှာလည်း  ချစ်ရတဲ့ ဇနီးချောလေးနဲ့အတူ  ကြည်နူးသာယာစရာကောင်းတဲ့  အိမ်ထောင်ရေးကို  အတူလျှောက်လှမ်းနေတာလည်း  ဖြစ်ပါတယ်။

Photo Crd- Htike Su’s Facebook Account 
Photo Crd- Htike Su’s Facebook Account 
Photo Crd- Htike Su’s Facebook Account 
Photo Crd- Htike Su’s Facebook Account 
Photo Crd- Htike Su’s Facebook Account 
Photo Crd- Htike Su’s Facebook Account 

သူထူးစံဟာ  အိမ်ထောင်ကျပြီး  နောက်ပိုင်း  အနုပညာလှုပ်ရှားမှုတွေ  သိပ်မရှိတော့ဘဲ  အိမ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကိုသာ  ဦးစီးလုပ်ကိုင်နေတာလည်း  ဖြစ်ပါတယ်။  သူ့ရဲ့ ဇနီးလေးကိုလည်း  လိုလေသေးမရှိအောင်  ဂရုစိုက်လွန်းပြီး  တုန်နေအောင်  ချစ်တာကြောင့်လည်း  ပရိသတ်တွေက  သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကို  အားကျနေကြတာလည်း  ဖြစ်ပါတယ်။  မနေ့ညကလည်း  သူထူးစံဇနီးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ  ပုံလေးတွေ  တင်ထားတာပဲ  ဖြစ်ပါတယ်။

Photo Crd- Htike Su’s Facebook Account 
Photo Crd- Htike Su’s Facebook Account 
Photo Crd- Htike Su’s Facebook Account 
Photo Crd- Htike Su’s Facebook Account 


ဒါကတော့  ချစ်ခင်ပွန်းသရုပ်ဆောင်ခဲ့တဲ့ဇာတ်ဝင်ခန်းပုံရိပ်တွေကိုပြန်လည်ရှာဖွေပြီးချစ်မဝဖြစ်နေတာပဲ  ဖြစ်ပါတယ်။  သူမကလည်း  " ရှေ့ကသူကို ကြွေလိုက်ရမလား ??????

နောက်ကသူကို ချွေလိုက်ရမလား ပြော?? " ဆိုပြီးတော့လည်း  ရေးသားထားတာပဲ  ဖြစ်ပါတယ်။  သူထူးစံကို  လွမ်းနေတဲ့  ပရိသတ်ကြီးအတွက်  သူ့ရဲ့ရိုက်ကွင်းက  အမှတ်တရပုံရိပ်လေးတွေကို  တစ်ဆင့်  ပြန်လည်  ကူးယူတင်ဆက်  ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Htike Su’s Facebook Account 

Photo Crd- Htike Su’s Facebook Account 
Photo Crd- Htike Su’s Facebook Account 
Photo Crd- Htike Su’s Facebook Account 
Photo Crd- Htike Su’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T