မည်သူမဆိုဥပဒေကိုချိုးဖောက်တဲ့အခါ အကျဉ်းထောင်ကိုသွားကြရမျာပဲဖြစ်ပါတယ်။အချို့နိုင်ငံတွေမှာတော့ အကျဉ်းသားတွေဟာ တီဗီကြည့်ခြင်း၊စာအုပ်ဖတ်ခြင်း၊အားကစားပြုလုပ်ခြင်းအပြင်အခြားသောပျင်းစရာကောင်းတဲ့အလုပ်တွေနဲ့သာအချိန်ကုန်ကြရပါတယ်။တချို့အကျဉ်းသားတွေဆိုရင်ထောင်ထဲမှာနှစ်အကြာကြီးကျခံနေရတဲ့သူတွေရှိပါတယ်။
ြသစတေးရီးယားအကျဉ်းထောင်တွေရဲ့ထောင်သားတစ်ယောက် တစ်နှစ်စာကုန်ကြစရိတ်ဟာ ဒေါ်လာလေးသောင်းနီးပါးရှိပါတယ်။ ဒီလိုကုန်ကျစရိတ်တွေကိုလျော့ချဖို့အတွက် သူတို့ဟာ အကျဉ်းသားတွေကို လက်မှုပညာတစချို့သင်ပေးကြပါတယ်။ အာ့ဒီပညာတွေကနေ ထောင်သားတွေဟာ တိရစ္ဆာန်အရုပ်ပုံစံငယ်လေးတွေပြုလုပ်ကြပီးနိုင်ငံကိုလာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေကိုရောင်းချကြပါတယ်။ ထောင်သားတစ်ယောက်ဟာတစ်နေ့မှာ အရုပ်ဆယ်ရုပ်ပြုလုပ်ကြရပါတယ်။ အာ့ဒီအရုပ်တွေကိုဒေါ်လာလေးဆယ်နဲ့ရောင်းချကြပါတယ်။
ဒီအစီအစဉ်ဟာအလုပ်ဖြစ်ခဲ့ပီး ထောင်သားတွေဟာ အရုပ်တွေဖန်တီးရတာကိုနှစ်သက်ကျလာကြပါတယ်။ လာရောက်လည်ပတ်တဲ့ဧည့်သည်များကလည်း ထိုအရုပ်ကလေးများကိုသဘောကျကာဝယ်ယူကြပါတယ်။ဒီအတွက်ထောင်သားတွေဟာ အရုပ်ရောင်းချခြင်းရဲ့ပိုက်ဆံအချို့တစ်ဝက်ကိုအကျိုးအမြတ်အဖြစ်ရကြပါတယ်။တချို့အကျဉ်းသားတွေဆိုရင်ထောင်ကလွတ်လာတဲ့အခါကိုယ်ပိုင်စီးပွားရေးလုပ်ဖို့တောင်စဉ်းစားထားကြပါတယ်။အခုဆိုရင်နိုင်ငံအချို့ဟာ ြသစတေးရီးယားထောင်ရဲ့နည်းလမ်းအတိုင်းကျင့်သုံးဖို့စဉ်းစားနေကြပီပဲဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Bloggers Arena