ဇာတ်ပို့ဇာတ်ရံ တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် နေလင်းကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားပြီး အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းလာခဲ့တဲ့ သူပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ နေလင်းက Covid ရောဂါပိုးကူးစက်ခံထားရတာကြောင့် ဧရာဝတီကိုဗစ်စင်တာမှာ ဆေးတက်ရောက်ကုသနေရတာ ဖြစ်ပါတယ်။ ဆေးကုသနေတဲ့ အချိန်လေးမှာလည်း စင်တာမှာ ပိုးကူးစက်ခံရသူအချင်းချင်းပြန်လည် ကူညီလုပ်ကိုင်နေတာ တွေ့ရပါတယ်။
နေလင်းကတော့ ယခုအချိန်ထိ ကျန်မားရေးကောင်းကောင်းမွန်မွန်ရှိနေပြီး သူ့ရဲ့ နေ့စဥ်လှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေကို အမြဲဖော်ပြပေးပါတယ်။ဒါ့အပြင် ဟာသလူရွှင်တော် ဦးမိုးဒီက လည်း Covid ရောဂါပိုးကူးစက်ခံထားရတာကြောင့် ဧရာဝတီကိုဗစ်စင်တာမှာ ဆေးကုသနေတာဖြစ်ပါတယ်။ ယခုမှာတော့ နေလင်းက ပရိသတ်တွေအတွက် ကြည်နူးဝမ်းသာစရာကောင်းတဲ့ ဦးမိုးဒီရဲ့ ကျန်းမာရေးအခြေအနေလေးကို ပြောပြလာခဲ့ပါတယ်။
ဦးမိုးဒီကိုလည်း သားဖြစ်သူ ကောင်းဇံက ဧရာဝတီကိုဗစ်စင်တာကိုလိုက်ပြီးပြုစုစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။နေလင်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာလည်း " လေးလေးမိုးဒီရဲ့ ကျန်းမာရေးအခြေနေတိုးတက်ကောင်းမွန်ကြောင်းနဲ့ သားဖြစ်သူ ကောင်းဇံမှအနီးကပ်ပြုစုပေးလျက်ရှိကြောင်း"ဆိုပြီးရေးသားဖော်ပြထားပါတယ်။ ပရိသတ်ကြီးလည်း ကိုဗစ်ရောဂါပိုးကူးစက်ခံထားရတဲ့ ဦးမိုးဒီနဲ့ နေလင်းတို့ကို ကျန်းမာရေး ကောင်းမွန်အောင် ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်။
သတင်း အရင်းအမြစ်៖ Source - Nay Linn fb account